By Khine Zar, Shweproperty.com
Updated at 28 December 2020
အမွှေးတိုင်ဆိုတာကတော့ ဘာသာရေးအရထွန်းညှိပူဇော်ရတော့ အမွှေးနံ့သာတိုင်တစ်မျိုးလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရနိုင်ပါတယ်။ နတ်ဘုရားအယူအဆကိုလက်ခံထားသောသူများ၊ အခြားသော အယူအဆတွေကိုလက်ခံထားတဲ့သူတွေက အစီအရင်တွေ စီရင်တဲ့အခါမှာလည်း သုံးလေ့ရှိကြပါတယ်။ ဟိုးအရင်ကတော့ ဓာတုဗေဒမပါဝင်ဘဲ သဘာဝပစ္စည်းတွေကိုမီးရှို့ပြီး ထွက်လာတဲ့အမွှေးနံ့ ကိုအသုံးပြုခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။သဘာ၀အရ အမွှေးရနံ့ နံ့သာ၊ နှင်းဆီ၊ သစ်ကတိုး စသဖြင့်အနံ့အမျိုးမျိုး သုံးခဲ့ကြပါတယ်။ဘုရားကျောင်း၊ ဘုံကျောင်းတွေမှာ အိမ်တွင်းမျာလည်းသုံးလာကြလာပါတယ်။ ခြံဝန်းနဲ့နေထိုင်သူတွေအတွက် အမွှေးတိုင်ထွက်ရှိလာတဲ့ မီးခိုးတွေက အဝေးကို လွင့်သွားနိုင်ပေမယ့် တိုက်ခန်းကျဉ်းလေးတွေမှာ နေရတဲ့သူတွေအတွက်တော့ ကျန်းမာရေးတော့ ထိခိုက်စေနိုင်ပါတယ်။ ဒါတွေက အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်စေခြင်း ကျန်းမာရေးဘက်ကိုမျက်စောင်းထိုးလာနေပြီ မဟုတ်လား။ အမွှေးတိုင်ဆိုတာကလည်း နေ့စဉ်ထိတွေ့နေရတဲ့ ဓာတုတွေထဲကဓာတုတစ်မျိုးပါပဲ။ အမွှေးတိုင် တွေနဲ့ ကျန်းမာရေး အမွှေးတိုင်ကနေ ထွက်လာတဲ့ အနံ့ကို သုတေသနရလဒ်တွေက သိပ်တော့ ခိုင်လုံမှုမရှိသေးပေမယ့် အနည်းအများတော့ ကျန်းမာရေး ထိခိုက်စေတက်တယ်လို့ ဆိုထားကြပါတယ်။အဓိကတော့ လေဝင်လေထွက်ကောင်းတဲ့နေရာ၊ အလုံပိတ်အခန်းတွေမှာ မထွန်းမိစေဖို့တော့ လိုပါမယ်။ မည်သို့ပင်ဖြစ်စေ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို အနည်းနဲ့ အများတော့ ထိခိုက်နိုင်တာတော့ ငြင်းလို့မရနိုင်သေးပါဘူး။ ၂၀၀၉ခုနစ်က သုတေသနတစ်ခုမှာတော့ အမှုန်တွေက တချို့က ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုထားကြပါတယ်။ ပြီးတော့ အမွှေးတိုင်တွေ အများကြီးသုံးတာက ကင်ဆာဖြစ်နိုင်ချေကိုပိုမြင့်စေတယ်လို့ ယူဆခဲ့ကြပါတယ်။ အထူးသဖြင့်တော့ အသက်ရှူလမ်းကြောင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတွေဲဖြစ်တက်တယ်လို့ ဆိုထားတာပါ။အမွှေးတိုင်မှာ အမွှေးနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေ အပြင် တခြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ အမွှေးတိုင်ရဲ့ အနံ့ကြောင့်ဖြစ်တက်တာတွေကတော့ ပန်းနာရင်ကြပ် အမွှေးတိုင်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေအပြင် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် အသက်ရှူလမ်းကြောင်းပြဿနာတွေ အထူးသဖြင့် ပန်းနာရင်ကြပ်ကို ဖြစ်စေပါတယ်။ ဆဲလ်များ ရောင်ရမ်းခြင်း လေ့လာချက်တွေအရ အမွှေးတိုင်က ထွက်တဲ့အငွေ့တွေက ခန္ဓာကိုယ်ကဆဲလ်တွေ နာတာရှည်ရောင်ရမ်းတာကို ဖြစ်စေပါတယ်။ အဆုတ်တွေမှာသာမက အသည်းဆဲလ်တွေမှာပါ ရောင်ရမ်းတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ တိရိစ္ဆာန်တွေမှာပဲ စမ်းသပ်ထားတာဖြစ်ပြီး ဖြစ်နိုင်တာက အမွှေးတိုင်မှာပါတဲ့ အမှုန်အမွှားတွေကို ချေဖျက်လိုက်လို့ ထွက်လာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့်လို့ ဆိုပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု အမွှေးတိုင်မှာပါတဲ့ ဓာတ်ပစ္စည်းတွေက ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကြွက်တွေ့မှာ လေ့လာထားတဲ့ အဖြေတွေအရ ဒီဓာတ်ပစ္စည်းတွေက အဆမတန် ဝိတ်လျော့ခြင်းနဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို နည်းသွားစေပါတယ်။ နှလုံးရောဂါ ပန်းနာရင်ကြပ်နဲ့ ကင်ဆာလိုပဲ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း မြင့်စေနိုင်ပါသေးတယ်။ စင်ကာပူက လူ၆သောင်းကို လေ့လာကြည့်တဲ့အခါ အိမ်တွင်းအမွှေးတိုင်ထွန်းတာက ရေရှည်မှာ နှလုံးရောဂါကြောင့် သေဆုံးတာကို ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒါဟာ အမွှေးတိုင်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုထိခိုက်သွားလို့ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောထားကြတာပါ။ ဒါဆိုရင်တော့ အမွှေးရနံ့ကြိုက်တဲ့သူတွေ ၊ အမွှေးတိုင်ကို အသုံးပြုပြီး ဘာသာရေးပူဇော်တဲ့နေရာတွေမှာ အများအပြားအလွန်အကြူးမသုံးဘဲ ထိုက်သင့်တဲ့ပူဇော်မှုဖြင့် အမွှေးတိုင်ပူဇော်ခြင်းအားဖြင့် မိမိတို့လိုရာအကျိုးပြည့်စုံကြပါစေ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ သင့်အိမ်မှာ (၃)မိနစ်ရေနွေးအိုး အသုံးပြုနေရင် ၁၅ စက္ကန့်လောက် ဒီလိုစစ်ဆေးကြည့်ပါ ကလေးရှိတဲ့ အိမ်တွေ ရွက်လှပင်ကို စိုက်ရန် လုံးဝစိတ်မကူးသင့်ပါဘူး အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ Photo Credit : we.com Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ