By 7daydaily, Shweproperty.com
Updated at 30 March 2017
ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ယခင် လဟာပြင်ဈေးဟောင်း နေရာ၌ တည်ဆောက်နေသည့် Junction City စင်တာကို မတ်လ ၃၁ ရက် တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ် သည်။
၂၃ ထပ်အမြင့် ရုံးခန်းတာဝါ တစ်ခု၊ Junction City ဈေးဝယ် စင်တာနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်သည့် စီမံကိန်း ဖြစ်ပြီး Junction City ဈေးဝယ် စင်တာတွင် ရုပ်ရှင်ရုံနှင့် စား သောက်ဆိုင်များပါဝင်ကာ အချို့ ဆိုင်ခန်းများ စတင် ဖွင့်လှစ်နေ ပြီဖြစ်သည်။
ဈေးဝယ်စင်တာနှင့် တစ် ဆက်တည်းတွင် မူလဗိုလ်ချုပ် ဈေးသစ်ကိုလည်း ပြန်လည်တည် ဆောက်ထားပြီး ယခင်ဆိုင်ခန်းများကိုပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လည်နေရာချထားဖွင့်လှစ်ခွင့်ပြုနေပြီဖြစ်သည်။
ယင်းစီမံကိန်းတစ်ခုလုံးကို ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိ တက်နှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းတည်ဆောက်ခြင်းဖြစ်သည်။
ဈေးဝယ်စင်တာ၌ ဈေးဆိုင်ခန်းပေါင်း ၅၀ ရာခိုင်နှုန်းကျော် စတင်ဖွင့်လှစ်နေပြီး မေလကုန်တွင် ဆိုင်ခန်းအားလုံးဖွင့်လှစ်နိုင်ရန် လျာထားကြောင်း ရွှေတောင်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်စန္ဒာထွန်းက ပြောသည်။
စီမံကိန်းနှင့်တစ်ဆက်တည်း တွင် ပါဝင်သည့် အခန်းပေါင်း ၃၄၀ ကျော်၊ အထပ် ၂၅ ထပ်ပါဝင်မည့် Pan Pacific ဟိုတယ်ကို လည်း ယခုနှစ်အတွင်း ဖွင့်လှစ် ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။
စီမံကိန်း၏ အပိုင်း−၂ တွင် ပါဝင်မည့် ရုံးခန်းများနှင့် အခန်း ပေါင်း ၂၆၀ ကျော်ပါဝင်မည့် လူ နေအဆောက်အအုံများကို ၂၀၁၈ ၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။
စီမံကိန်းကို တည်ဆောက်ခဲ့သည့် Shwe Taung Group သည် အိမ်ခြံမြေ၊ ရင်းနှီးမြှုပ်နှံမှု ၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ် ရေး ပစ္စည်းများ၊ စွမ်းအင်နှင့် အ ခြေခံအဆောက်အအုံ၊ ကုန်သွယ် လုပ်ငန်း၊ အာမခံ လုပ်ငန်းများ လုပ်ကိုင်နေသော ပြည်တွင်းထိပ် သီး ကုမ္ပဏီဖြစ်သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ