By 7daydaily, Shweproperty.com
Updated at 20 May 2016
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် ရွှေ တောင် ကုမ္ပဏီတို့ အကျိုးတူပူး ပေါင်းတည်ဆောက်နေသည့် ၂၃ ထပ်မြင့် Junction City Tower ကို လာမည့် ၂၀၁၇ နှစ်ဆန်း၌ အပြီးတည်ဆောက်မည်ဟု သတင်းရရှိသည်။
‘‘လက်ရှိ အချိန်ထိ တည် ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးပါ ပြီ။ Service Residence ပါဝင်တဲ့ ဒုတိယအဆင့်ကို ၂၀၁၉ မှာ အပြီးတည်ဆောက်မှာပါ’’ ဟု Shwe Taung Group CEO ဦးအောင်ဇော်နိုင်က ပြောသည်။
အဆိုပါ တာဝါသည် ဗိုလ် ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းတွင်တည်ရှိပြီး စတု ရန်းမီတာ ၃၄,၀၀၀ ကျယ်ဝန်းပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ရွှေတောင်ကုမ္ပဏီက ၄၈ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကားပါ ကင်ဧရိယာကို ၅၀ ရာခိုင်နှုန်းစီခွဲ ယူမည်ဟု သိရသည်။
လက်ရှိတွင် မူအားဖြင့် ဆောက်လုပ်ခွင့်ရရှိထာသည့် အ ဆောက်အအုံများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက ဆောက်လုပ်ခွင့်ရပ်ဆိုင်း ထားသည်။
သို့သော် Junction City Tower သည် အပြီးသတ်အတည် ပြုထားသည့် ဆောက်လုပ်ခွင့်အ မိန့်ကို ၂၀၁၃ တွင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီမှ ရရှိထားကြောင်း သိရသည်။
ထိုတာဝါ၏ တည်ဆောက် မှုပိုင်းကို စင်ကာပူနိုင်ငံမှ Keppel Land Limited ကုမ္ပဏီ ဖြင့် အကျိုးတူး ပူးပေါင်းထားသည်ဟု Shwe Taung Group MD ဒေါ်စန္ဒာထွန်းကပြောသည်။
အဆိုပါ တာဝါတည်ဆောက် ပြီးစီးပါက စင်ကာပူနိုင်ငံ အ ဆောက်အအုံ ဆောက်လုပ်ရေး အာဏာပိုင် အဖွဲ့ထံမှ Green Mark Gold Certification ရရှိရန် ဆောင်ရွက်မည်ဟု ဒေါ်စန္ဒာထွန်း က ပြောကြားသည်။
Ref : 7daydaily
Photo Credit : skyscraper
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ