Extension Plan ပထမပိုင်းကို ပြည်လမ်းဝင်ပေါက်ရှိ Car Parking မြေနေရာတွင် ကားအစီးရေ ၅၀၀ခန့် ရပ်နားနိုင်ပြီး အထပ် ၇ထပ်မြင့်သော Multi Storey Car Parking ကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ၊ အဆိုပါ Multi Storey Car Parking ၏စုစုပေါင်းစတုရန်းပေမှာ ၂ သိန်းခန့်ဖြစ်ပြီး အပေါ်ဆုံးထပ်တွင် Eduction Centre ကိုထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအဆင့်အနေဖြင့် ကျွန်းတောလမ်း Car Parking နေရာတွင် Grade A Office Tower,Luxury Apartment နှင့် Shopping Centre များပါဝင်သော Junction Square Extension က၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ Luxury Apartment နှင့် Grade A Office Tower ၏စုစုပေါင်းစတုရန်းပေမှာ (၅ သိန်း ၉သောင်း) ကျော်ရှိပြီး Luxury Apartment ကို ၂၁ထပ် အမြင့်နှင့်
Grade A Office Tower ကို ၁၉ထပ်အမြင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။