By Myanmar Property, Shweproperty.com
Updated at 8 June 2013
ကလေးတက္ကသိုလ်တွင် သုံးထပ်ကျောင်းဆောင်သစ်များကို ယခုနှစ်မေလကုန်ပိုင်းတွင် ပြီးစီးလုနီးပါးဖြစ်နေကာ ကလေးတက္ကသိုလ်ဝန်းကျင်ရှိ အိမ်၊ ခြံ၊ မြေ ဈေးမှာလည်းယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်သွားကြောင်း သတင်းရရှိသည်။
“မနှစ်က တစ်ထပ်တိုက်လေးတစ်လုံးပါပြီး ပေ ၆၀ × ၈၀ လောက်ရှိတဲ့ ခြံဝင်းဟာ သိန်းလေးရာပဲရှိတယ်၊ ဒီနှစ်ဆိုရင် သိန်းရှစ်ရာ လောက်ရှိနေပြီ ၊ အဓိက ကတော့ တက္ကသိုလ်နဲ့နီးလေ ဈေးကောင်းလေပဲ”ဟု ကလေးမြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကလေး တက္ကသိုလ်သည် ချင်းတောင်ခြေတွင် တည်ရှိခြင်းဖြစ်ပြီး ချင်းတောင်ထွက်ကားကြီး၊ ကားငယ်များကိုပါ အတက်အဆင်းရှိ၍ စားသောက်ဆိုင်များပါ တစ်ဟုန်ထိုးများပြားလာကာ ကြက်မွေးမြူရေးခြံများ၊ အိမ်သုံးဟင်းသီးဟင်းရွက် စိုက်ပျိုးရေးခြံများ၊ လိမ္မောခြံ၊ ဆီးသီးခြံ၊ ဝါးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကား၊ ဆိုင်ကယ် ရေဆေးဆီလိုက် လုပ်ငန်းများဖြင့် စည်ကား လာခဲ့သည်။
ကလေးတက္ကသိုလ် ဝန်းကျင်ရှိ အိမ်၊ ခြံ၊ မြေဈေးများမှာ ယခင်ကဈေးမကောင်းခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ကလေးတက္ကသိုလ်၌ ချင်းပြည်နယ်မှ တက္ကသိုလ်ကျောင်းသားများနှင့် တမူး၊ ကလေးဝ၊ ဂန့်ဂေါမြို့များမှ ပညာသင်ယူသူ များပြားလာသည့်အတွက် ရပ်ဝေးမှ ကျောင်းသားများ အဆင်ပြေစေရန် စီးပွားရေးလုပ်ငန်းရှင်များက အဆောင်များနှင့် လုပ်ငန်းရှင်များ ဝယ်ယူဖွင့်လှစ်လာခြင်းကြောင့် မြေဈေးမှာ နှစ်ဆခန့် တက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ