By 7daydaily, Shweproperty.com
Updated at 10 September 2015
ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်အနီးရှိ ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းဖွင့်လှစ်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်က ကျင်းပခဲ့ပြီး ရခိုင်သံဃာတော်များနှင့် ရခိုင်တိုင်းရင်းသား များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း (၇၆) နှစ်မြောက်ပြည့်ပွဲနှင့် ပန်းခြံဖွင့်ပွဲကို ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေး မောင်ဦးစီး၍ ရန်ကုန်မြို့ရှိ ရခိုင်လူမှုအဖွဲ့အစည်းများမှ ရခိုင်တိုင်းရင်းသားလူငယ်များ တက်ရောက်ခဲ့သည်။ ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ရန် (၁၂)ကြိမ်မြောက် ပြည်သူ့ လွှတ်တော်ပုံမှန်အစည်းအဝေးသို့ အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သဖြင့် ယခုကဲ့သို့ အမည်ပြောင်းလဲခြင်း အခမ်းအ နား ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း အဆိုပါ ဂုဏ်ပြုအခမ်းအနား ဖြစ် မြောက်ရေး ကော်မတီဝင်တစ်ဦး ကပြောသည်။
ကန်တော်မင်္ဂလာပန်းခြံ သည် ယခင်က ဦးဥတ္တမပန်းခြံ အမည်ဖြင့် ၁၉၆၂ ဇန်နဝါရီ ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ယင်း ကာလ၌ထုတ်ဝေသောမဏ္ဍိုင်နေ့ စဉ်သတင်းစာတွင် ဖော်ပြထား သည့် မှတ်တမ်းအရသိရသည်။
၁၉၆၂ မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းယူပြီးနောက် ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမရုပ်တု ဖယ်ရှားခံရပြီး ဆိုင်းဘုတ်များပါမကျန် ဖြုတ်ချခံရကာ ကန်တော်မင်္ဂလာပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဆရာတော်ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ ပြည်ထောင်စုတည်ဆောက်ရေးကို မျိုးစေ့ချပေးသူအဖြစ် တင်စားခဲ့သည်။ မိမိတို့ လိုလားသော အခွင့်အရေးအတွက် ပေါင်းစည်းညီညွတ်မှုကိုပြု၍ တစ်သံတည်း ဆောင်ရွက်ကြပါမူ မိမိတို့၏ အကျိုးကို မည်မျှပင်မလိုလားသူ ဖြစ်စေကာမူ နောက်ဆုံးလိုက်လျောရပေလိမ့်မည်ဟု ဆရာတော် ဦးဥတ္တမက ရေးသားချီးမြှင့်ဖူးသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ