By The Trade Times, Shweproperty.com
Updated at 5 September 2015
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ် ၃ဝ အရစ်ကျစနစ်ဖြင့် ပေးသွင်း နိုင်မည့် အိမ်ရာစီမံကိန်းတစ်ခုအား ဖော်ဆောင်သွားရန် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခွင့်ပြုလိုက် ပြီ ဖြစ်ကြောင်း သြဂုတ်လ ၃၁ ရက်၌ ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အိမ်ရာစီမံကိန်းသစ် မိတ်ဆက်ပွဲမှ သိရသည်။
၎င်းစီမံကိန်းအား The Infrastructure of Myanmar မှ တာဝန်ယူ ဖော်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိ တွင် အိမ်ရာစီမံကိန်း စတင်နိုင်ရန် မြေသားစမ်းသပ်မှုများ လုပ်ဆောင် ရခြင်းမရှိသေးကြောင်း သိရသည်။ ”အိမ်ရာစီမံကိန်း ဘယ်တော့ စမယ် ဆိုတာကတော့ အတိအကျ မဖော်ပြနိုင်သေးပါဘူး။ ကျွန်တော် တို့ MoU ထိုးဖို့ လုပ်နေပါတယ်။ အဲဒီအဆင့်ပြီးရင်တော့ မြေသား စမ်းသပ်မယ်။ ပြီးရင်တော့ စီမံကိန်း စတင်နိုင်မှာပါ။
ကျွန်တော်တို့က အိမ်ရာထက် လမ်းတွေ၊ ရေမြောင်း တွေကို ဦးစားပေးစနစ်နဲ့ ဖော်ဆောင် သွားမှာပါ ”ဟု The Infrastructure of Myanmar မှ ဒါရိုက်တာ ဦးခင် မောင်တိုးက ပြောသည်။ အဆိုပါ အိမ်ရာစီမံကိန်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံ စက်မှုဇုန်အနီး၌ ဆောက်လုပ်မည် ဖြစ်ပြီး အကျယ်အဝန်းမှာ မြေဧက ၂ဝ ရှိကြောင်း သိရသည်။ ယင်းမြေ သည် လယ်ယာမြေမဟုတ်သည့် အတွက် လယ်ယာမြေ အရှုပ်အရှင်း ကင်းပြီး မြေလွတ်မြေရိုင်းဖြစ်သည့် အပြင် စက်မှုဇုန် စတင်တည်စဉ်က စက်မှုဇုန်လုပ်သားများအတွက် တည်ဆောက်ပေးရန် လျာထားသည့် စက်မှုလုပ်သားများရွာနေရာ၌ ဖြစ် ကြောင်းသိရသည်။
”လက်ရှိမှာ အဲဒီ နေရာက အမည်ခံနေရာ ဖြစ်နေတယ်။ မြေ လွတ်မြေရိုင်းနေရာ ဖြစ်နေတော့ လျော်ကြေးကိစ္စ ရှင်းတယ်။ ဒါပေ မယ့် အခု အဲဒီနေရာကို တစ်ဧက သိန်း ၁၃ဝ ပေးသွင်းရမယ် ဆိုပေမယ့် ကျွန်တော့်ဆီ ရောက်လာတဲ့ စာမှာ ခေါင်းစဉ်က စီမံခန့်ခွဲမှု ရန်ပုံငွေဖြစ် နေတာကြောင့် ငွေသွင်းဖို့ ပြန်လည် ဆွေးနွေးနေပါတယ်။ တကယ်ဆို မြေရောင်းတယ်ဆိုတဲ့ ခေါင်းစဉ်မျိုး ကမှ ဖြစ်သင့်တာပါ”ဟု ဦးခင်မောင် တိုးက ပြောသည်။
ယင်းအိမ်ရာစီမံကိန်းအတွက် ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၅ ဒသမ ၆ ဘီလျံခန့် ကုန်ကျနိုင် ကြောင်း ခန့်မှန်းတွက်ချက်ထားပြီး အိမ်ခန်းပေါင်းအကျယ် ပေ ၂ဝ × ၃ဝ ရှိပြီး စတုရန်းပေ ၆ဝဝ အကျယ်ရှိ သည့် အခန်းပေါင်း ၂,၅၆ဝ ခန်း ဆောက်လုပ်သွားမည် ဖြစ်သည်။ ထို့နောက် ယင်းစီမံကိန်းအား နှစ် နှစ်အတွင်း အပြီးသတ် အကောင် အထည်ဖော်သွားမည်ဖြစ်ရာ တိုက် ခန်းတစ်ခန်းအား တစ်လလျှင် ကျပ် ၃ဝ,ဝဝဝ နှုန်းဖြင့် နှစ် ၃ဝ အရစ်ကျ ပေးသွင်းကာ ဝယ်ယူနိုင်မည်ဖြစ် ကြောင်းသိရသည်။
”အဲဒီအိမ်ရာ စီမံကိန်းဟာ ကရင်ပြည်နယ်အတွက် ပထမဦးဆုံး သော အိမ်ရာစီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ကျေးလက်နေပြည်သူ တွေအတွက် နေထိုင်မှုအဆင်ပြေစေ ရုံသာမက အလုပ်အကိုင် အခွင့် အလမ်းများစွာရှိနိုင်မှာ ဖြစ်ပြီး မြို့ပြ မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ မလိုတော့တဲ့ အခွင့်အရေးတစ်ခုကို လည်း ရရှိစေမှာဖြစ်တယ်” ဟု ကရင် ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ အဆိုပါ အိမ်ရာစီမံကိန်းအား နှစ် ၃ဝ အရစ်ကျပေးသွင်းသည့် စနစ် ဖြင့် ရောင်းချသွားမည်ဟု ဆိုသော် လည်း လက်ငင်းပေးချေ ဝယ်ယူ လိုသူတွေအတွက်လည်း စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
နှစ် ၃ဝ အရစ်ကျပေးချေ ရမည့် တိုက်ခန်းတန်ဖိုးမှာ ကျပ် ၁ဝ၈ သိန်းဖြစ်သော်လည်း လက်ငင်း ပေးချေဝယ်ယူလိုပါက သိန်း ၈ဝ ဖြင့် သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းစီမံကိန်းအိမ်ရာ ဆောက် လုပ်ရာ၌ အများပိုင်စနစ်ဖြင့် ဆောက် လုပ်သွားမည်ဖြစ်ရာ စီမံကိန်းစတင် လုပ်ဆောင်နိုင်မည် ဆိုပါက စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များအား အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ခေါ်ယူမည် ဖြစ် ကြောင်း သိရသည်။ စီမံကိန်းကာလ အား နှစ်နှစ်သတ်မှတ်ထားပြီး ရောင်းချ ပေးမည့် ပုံစံမှာ ၃ဝး၄ဝး၃ဝ စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းအချိုးအရ ပထမဆုံး ဦးစား ပေးအဆင့်အဖြစ် ဒေသခံ ပြည်သူ များအား ၃ဝ ရာခိုင်နှုန်း ရောင်းချ သွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အား ၄ဝ ရာခိုင်နှုန်းနှင့် The Infrastructure of Myanmar မှ ၃ဝ ရာခိုင် နှုန်းစသည်ဖြင့် အချိုးချကာ ရောင်း ချပေးသွားမည်ဖြစ်ကြောင်း၊ ယင်း ရောင်းချမှု၌ အခြားသောဒေသများ မှ ဝယ်ယူနိုင်ရန် အဆိုပြုလွှာ တင် ထားသည့်သူများအား ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
”အခန်းတိုင်းကတော့ ဈေး နှုန်းက အတူတူပါပဲ။ ဆောက်မှာ ကလည်း တစ်တိုက်ကို လေးထပ် နှုန်းနဲ့ ဆောက်လုပ်မှာ ဖြစ်တယ်။ နှစ် ၃ဝ စီမံကိန်းနဲ့ အကြွေးရောင်း မှာဖြစ်တာကြောင့် သေချာပါတယ်။ နှစ် ၃ဝ အတွင်း ပျက်စီးနိုင်မှု လုံးဝမရှိ ပါဘူး”ဟု မြဌေးကြွယ်လင်းကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစောသန်းမြ က ပြောသည်။ ၎င်းအိမ်ရာအတွင်း ပါရှိသည့် တိုက်ခန်းတိုင်းတွင် အိပ်ခန်း တစ် ခန်း၊ ရေချိုးခန်း၊ အိမ်သာပါရှိပြီး မီးဖို ချောင်နောက်တွင် အမှိုက်စွန့်ပစ် သည့် စနစ်ကိုပါ တပ်ဆင်ပေးသွား မည်ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့နည်းစေ မည်ဖြစ်ကြောင်း သိရသည်။ The Infrastructure of Myanmar အနေဖြင့် အိမ်ရာစီမံကိန်းများ ကို မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၄ ခုတွင် အခန်းပေါင်း နှစ်သန်းခန့် ဆောက်လုပ်သွားရန် ရည်ရွယ်ပြီး ပထမဆုံးအနေဖြင့် ကရင်ပြည်နယ်၌ စတင်မည်ဖြစ် ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်လည်း အိမ်ရာစီမံကိန်း ဖော် ဆောင်သွားရန် ခွင့်ပြုစာ ထွက်ရှိပြီး သားဖြစ်ကြောင်း၊ ယင်းဒေသများ တွင် စီမံကိန်းများ ပြီးစီးပါက လူနေ သိပ်သည်းသည့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း၌လည်း ယင်းစီမံကိန်း လုပ်ဆောင်ရန် လျှောက်ထားခဲ့သော် လည်း မြေနေရာအခြေအနေကြောင့် စီမံကိန်းအကောင်အထည်ဖော်ရန် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ