ဖုန်းရွှေနည်း အရ အိမ်မှာလာဘ်လာဘပေါများအောင် ဘယ်လိုထားမလဲ“အိမ်တစ်အိမ်၏ အဓိက အချက်အခြာကျ ဧည့်ခန်းအားဖုန်းရွှေနည်းအရနေရာချထားခြင်းဖြင့် အိမ်သူအိမ်သားများသာမက အိမ်အတွက်လည်း ကံကောင်းခြင်းများကိုရရှိစေပါသည်။ ယခုလိုအိမ်အား မင်္ဂလာရှိရန် ဖုန်းရွှေနည်းအရနေရာရွေးခြင်း၊ အိမ်သူအိမ်သားများနှင့် အပ်ဆက်သောအိမ်အရောင်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ရပါမည်။
 
”ကျယ်ဝန်းပြီး လေကောင်းလေသန့်ရရှိသော ဧည့်ခန်း၏ အပြုသဘောဆောင်သော စွမ်းအင်စီးဆင်းမှုမှာ အခန်းများကိုလည်းသက်ရောက်မှုရှိပါသည်။အိမ်၏ ဧည့်ခန်းမှာ ဖုန်းရွှေနည်းအရ ကံကောင်းသော နေရာအနေအထားတွင်ရှိလျှင် ဖုန်းရွှေပညာရှင်များက ထို့အိမ်ပိုင်ရှင်အား ပိုမိုကံကောင်းစေရန် ငါးမွေးကန် (သို့) ရေနေ အပင်အလှကန်များကို ထားရှိရန် အကြံပြုကြပါသည်။



ဖုန်းရွှေနည်းအရဆိုလျှင် အိမ်တစ်အိမ်၏ ဧည့်ခန်းမှာ အရေးပါသော အခန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိသားစုဝင်များမှာ အများအားဖြင့် ဧည့်ခန်းတွင် အနေများသောကြောင့် ဖြစ်ပါသည်။ အိမ်တစ်အိမ်၏ မိသားစုများ ဆုံဆည်းရာ အချက်အခြာကျသောနေရာပင်ဖြစ်ပါသည်။
 
ထို့ကြောင့် အိမ်၏ ဧည့်ခန်းမှာ ဖုန်းရွှေနည်းအရ နေရာမှန်လျှင် အိမ်အတွက် မင်္ဂလာရှိပြီး စိတ်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေပါသည်။ ဧည့်ခန်းအား ဖုန်းရွှေနည်းအရ နေရာချခြင်း အားဆက်လက် ပြီး ဘယ်လိုလုပ်သင့်လဲဆိုတာ ပြောပြပေးသွားပါမယ်..။အလတ်စားနှင့် အသေးစား အိမ်များတည်ဆောက်ရာ တွင် ဗိသုကာပညာရှင်များက အများအားဖြင့် ဧည့်ခန်းအားအိမ်အဝင်ဝနှင့် ကပ်ရက်တွင် ထားရှိကာ တည်ဆောက်လေ့ရှိပါသည်။ ဒီလိုပြုလုပ်ရခြင်းက ဧည့်ခန်းအား အိမ်အဝင်ဝမှ စီးဆင်းလာသော ကောင်းမွန်သည့် စွမ်းအင်များကို ရရှိစေရန် ဖြစ်ပါသည်။ ထို့ကြောင့် အိမ်အဝင်ဝနှင့် ကပ်လျက်ရှိသော ဧည့်ခန်းအား ဖုန်းရွှေနည်း အရနေရာချထား ခြင်းဖြင့် အိမ်၏အခြားအခန်းများကို လည်းအပြုသဘောဆောင်သော စွမ်းအင်များ စီးဆင်းပါလိမ့်မည်။ အပြုသဘောဆောင်သော စွမ်းအင်များ စီးဆင်းမှုကို ဟန့်တားရာရောက်သော ပရိဘောဂအကြီးများ၊ စားပွဲခုံများအား ဧည့်ခန်းတွင် ပြွတ်သိပ်စွာထားခြင်းနှင့် အိမ်အဝင်၀ မျက်နှာခြင်းဆိုင်တွင် ပစ္စည်းများထားခြင်းတို့အား ရှောင်ရှားရပါမည်။

အချို့အိမ်များအား ဖုန်းရွှေနည်းအရ တည်ဆောက်ထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အချို့အိမ်ဆောက်လုပ်သူများက ဆောက်လုပ်မှုများ စတင်တည်းက ဖုန်းရွှေနည်းအရ တွက်ချက်ပြီး တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့ အိမ်များတွင် ဖုန်းရွှေပညာရှင်များက အိမ်တွင် ကံကောင်းမှုများ ရောက်ရှိလာစေဖို့ ဧည့်ခန်းအား အိမ်အဝင်၀ အနီးအနားတွင် အသင့်တော်ဆုံး နေရာအဖြစ် ရွေးချယ်ပြီး အခန်းဖွဲ့လေ့ရှိပါသည်။ ဤနေရာတွင် အများအားဖြင့် ဝင်ငွေနှင့် သက်ဆိုင်သောကြောင့် လှုပ်ရှားနေသော အရာဝတ္ထုများကို ဧည့်ခန်းထဲတွင် ထားရှိစေပါသည်။ 
 


လှုပ်ရှားနေသော အရာဝတ္ထုများဆိုသည်မှာ ငါးမွေးကန်၊ ရေနေအပင် အလှကန်၊ ငွေခေါ်လက်ယက်ကြောင်အရုပ်၊ အဆက်မပြတ် လှုပ်ရှားနေသော အလှဆင်ပစ္စည်းများ၊ ဒီဂျစ်တယ်နာရီ အစရှိသော ပစ္စည်းများ ဖြစ်ပါသည်။ ဒီလိုပစ္စည်းလေးတွေထားရှိမယ်ဆိုရင်တော့ မိမိရဲ့နေအိမ်က လာဘ်လာဘပေါများပြီးသာယာဝပြောတဲ့အပြင် မင်္ဂလာရှိတဲ့ နေအိမ်လေး ဖြစ်မှာပါ..။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်အိမ်ထဲမှာ အညံ့တွေ ကင်းစင်ချင်ရင် လုံးဝ မထားသင့်တဲ့ ပစ္စည်း (၅) မျိုး 

အိမ်မှာ ဒါတွေမလုပ်ပါနဲ့ 

အိမ်မှာထားရင် လာဘ်ကောင်းစေတယ်လို့ ယူဆကြတဲ့ အဆောင်များ
 
Credit By : 1875 baydin
Posted By : Ra Wai (ShweProperty.com)