By Ra Wai, Shweproperty.com
Updated at 11 February 2022
အချိန်တွေအများကြီးကုန်ပြီး ပင်ပန်းလွန်းလို့ မီးဖိုချောင်ထဲဝင်ရမှာ ကြောက်နေသူတွေအတွက် အချိန်ကုန်သက်သာပြီး စနစ်တကျနဲ့ ပြီးစီးစေမယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ကြက်သွန်နီလှီးတိုင်း မျက်ရည်ကျနေရရင် ဟင်းချက်ဖို့ ပြင်ဆင်ပြီဆိုရင် ကြက်သွန်နီလှီးဖို့ကို စိတ်ထဲက မသိမသာလေး စိုးရွံ့တတ်ကြပါတယ်။ ကြက်သွန်နီ လှီးတိုင်း မွှန်လွန်းလို့ မျက်ရည်တရွှဲရွှဲ ဖြစ်တတ်ကြပါတယ်။ မျက်ရည်တွေနဲ့ မျက်လုံးဖွင့်မရအောင် ဖြစ်တတ်လို့ တစ်ခါတစ်ရံဆို ဓားတွေဘာတွေတောင် ရှမိတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကို ကာကွယ်ဖို့ဆိုရင်တော့ လွယ်လွယ်လေးပါ။ ကြက်သွန်နီကို အခွံမခွာခင် ရေခဲသေတ္တာ အခဲကန့်မှာ ခဏလေး သွားထားလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကြက်သွန်နီကြောင့် မျက်ရည်ကျရတာတွေ ကင်းဝေးသွားပါလိမ့်မယ်။ ဟင်းအိုးဝေမကျအောင် တစ်ခါတစ်လေ မီးဖိုထဲမှာ ဟင်းအိုးနှစ်အိုး ပြိုင်ချက်နေတာတို့၊ တစ်အိုးကို မီးဖိုပေါ်တင်ထားပြီး နောက်ဟင်းအိုးတစ်အိုးအတွက် ပြင်ဆင်နေတာမျိုးတို့ လုပ်တဲ့အချိန်မှာ သတိလက်လွတ် ဖြစ်သွားရင် ဟင်းအိုးတွေ ဝေကျတတ်ပါတယ်။ အထူးသဖြင့် ပဲဟင်းလို အရည်သောက်ဟင်းတွေ တည်ထားတဲ့အခါ တစ်ချိန်လုံး စောင့်ကြည့်နေမှ အဆင်ပြေတတ်ပါတယ်။ ယောက်မတစ်ချောင်းကို အိုးပေါ်မှာ ကန့်လန့်ဖြတ် တင်ထားလိုက်ရုံနဲ့ ဒီလိုအခက်အခဲကနေ ကင်းဝေးပါလိမ့်မယ်နော်။ ရေမြုပ်တွေ မြန်မြန်ခြောက်အောင် သန့်ရှင်းရေးအတွက် မီးဖိုထဲမှာသုံးတဲ့ ရေမြုပ်တွေကိုလည်း မကြာခဏ ပြန်လည်သန့်ရှင်းပေးဖို့ လိုပါတယ်။ ဒီလိုရေမြုပ်တွေကို ပြန်လည်ဆေးကြောတဲ့နေရာမှာ အထဲကရေတွေမကုန်ရင် ဘက်တီးရီးယားတွေ ခိုအောင်းပြီး တကယ့်ကို ညစ်ပေတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ရေမြုပ်တွေကို သန့်ရှင်းဆေးကြောတဲ့နေရာမှာ မြန်မြန်ခြောက်ဖို့နဲ့ ဘက်တီးရီးယားတွေ ခိုအောင်းမနေဖို့ စက္ကူညှပ်တဲ့ကလစ်နဲ့ ဖင်ပြန်ခေါင်းပြန် ညှပ်ထားသင့်ပါတယ်။ အိုးတွေပြောင်လက်နေအောင် သန့်ရှင်းတဲ့မီးဖိုချောင်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေတာကတော့ အိုးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် စတီးအိုးတွေ သုံးတယ်ဆိုရင် ပြောင်လက်နေမှသာ ကြည့်ရတာ အဆင်ပြေပါတယ်။ သို့ပေမယ့် စတီးအိုးတစ်အိုးကို ပြောင်လက်နေအောင် တိုက်ချွတ်ဆေးကြောရတာဟာ တော်တော်လေး ပင်ပန်းပြီး အချိန်ကုန်ပါတယ်။ ဒီလိုမဖြစ်ရအောင် လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးနိုင်ပါတယ်။ စတီးအိုးပေါ်ကို ရှာလကာရည်လောင်းချပြီး ခေတ္တထားကာ ဆေးကြောတဲ့အခါမှာတော့ ပုံမှန်အတိုင်း ပွတ်တိုက်ပေးရုံနဲ့ အသစ်အတိုင်း ဝင်းလက်တောက်ပြောင်နေတဲ့ အိုးကို ရရှိမှာ ဖြစ်ပါတယ်။ ဟင်းတွေရဲ့အရသာ ကောင်းမွန်အောင် နေ့စဉ်နေ့တိုင်း မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေဟာ တစ်ခါတစ်လေတော့လည်း မီးဖိုချောင်ကို ငြီးငွေ့လာတတ်ပါတယ်။ အကြောင်းကတော့ ဟင်းတစ်ခွက်ကို အရသာရှိပြီး ကောင်းမွန်အောင်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် အချိန်ပေးပြီး အာရုံစိုက်၊ချက်ပြုတ်ရတာကြောင့်ပါပဲ။ အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး ချက်သမျှ ဟင်းလျာတိုင်းကို ကျန်းမာရေးနဲ့ ညီညွတ်ကာ လျှာလည်မယ့်အရသာမျိုး ရရှိချင်တယ်ဆိုရင်တော့ ဟင်းခတ်မှုန့်ကောင်းကောင်းလေး သုံးလိုက်ရုံပါပဲ။ အိမ်ရှင်မအများစုရဲ့ အားကိုးရာကတော့ အသုပ်၊ အရွက်ကြော်၊ အရည်သောက်နဲ့ ဆီပြန်ဟင်းအားလုံးကို လွယ်လွယ်ကူကူနဲ့ အနံ့၊အရသာ ပြည့်စုံစေတဲ့ ခနောကြက်သားမှုန့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး အရသာရှိတဲ့ဟင်းလျာတွေကို အလွယ်လေး ဖန်တီးချက်ပြုတ်နိုင်ပါလိမ့်မယ်နော်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: ShweMon Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ