အိမ်မှာ အိမ်မွေးတိရစ္ဆာန်တွေမွေးရင် ဘာရောဂါဖြစ်မယ်၊ ဘာအန္တရာယ်တွေရှိတယ်ဆိုတာ နားမဆန့်အောင် ကြားဖူးကြမှာပါ။ အထူးသဖြင့် ကြောင်လေးတွေမှာဆိုရင် ကြောင်ရဲ့ အမွှေးအမျှင်တွေဟာ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတယ်၊ အသက်ရူကြပ်စေတယ်၊ ပန်းနာရင်ကြပ်ဖြစ်စေတယ် စသဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောကြလေ့ ရှိပါတယ်။ အမှန်တော့ အိမ်မွေးတိလေးတွေဟာ သခင်ဖြစ်သူရဲ့ ဂရုတစိုက်ထားရှိမှု၊ သန့်ရှင်းမှု၊ စည်းကမ်းရှိမှု၊ ပုံမှန်ကျန်းမာရေးဂရုစိုက်မှု တို့အပေါ် အဓိက မူတည်ပြီး ကိုယ်က သေချာဂရုတစိုက်နဲ့ မွေးထားမယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်သလို ကြောင်လေးတွေဟာလည်း ကျန်းမာဝဖြိုးနေမှာ အမှန်ပါပဲ။ ဥပမာအားဖြင့် - ကျန်းမာရေးမကောင်းတဲ့ ကြောင်လေးတွေကသာ သခင်ကို အန္တရာယ် ဖြစ်စေနိုင်သလို သခင်ရဲ့ မွေးမြုပုံမှားယွင်းမှုကြောင့်လည်း ကြောင်လေးတွေမှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

မိမိအိမ်မှာ စိုက်ပျိုးထားတဲ့ အလှစိုက် အပင်လေးတချို့ဟာလည်း ကြောင်လေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

( ၁ ) Money plant 

Money Plant ( မြန်မာအခေါ် ရွှေလာ၊ ငွေလာဂမုန်း ) ကို အများအားဖြင့်  လာဘ်ကောင်းတယ်၊ စီးပွားတက်တယ်ဆိုတဲ့ အယူအဆနဲ့ စိုက်ပျိုးတတ်ကြပေမယ့် ဒီအပင်လေးဟာ ကြောင်လေးတွေရဲ့ နှုတ်ခမ်း၊ လျှာနဲ့ ပါးစပ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအပင်ကို ကြောင်တွေစားမိတဲ့အခါ ပါးစပ်တွေ ရောင်ရမ်းလာတာ၊ အော့အန်တာနဲ့ သွားရည်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

( ၂ ) အိမ်သန့်ရှင်းရေး ဆေးရည်များ

အိမ်သာဆေးခြင်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်း သန့်စင်ဆေးရည်များဟာ ကြောင်လေးတွေကို အဆိပ်သင့်စေနိုင်ပါတယ်။ သန့်စင်ဆေးရည် အဆိပ်မိတဲ့အခါ ကြောင်လေးတွေမှာ အသက်ရှူရခက်ခဲခြင်း၊ အော့အန်ခြင်း၊ ပါးစပ်နဲ့ အစာအိမ်၊ အူလမ်းကြောင်းမှာ အနာပေါက်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်မှာ သန့်ရှင်းရေးလုပ်ပြီးရင် ပိုလျှံနေတဲ့ သန့်စင်ဆေးရည်များ သို့မဟုတ် အကြွင်းအကျန်များ အားလုံးကို သေချာရှင်းလင်းပြီး ကြောင်လေးတွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာ သိမ်းဆည်းသင့်ပါတယ်။ 



( ၃ ) အိမ်သုတ်ဆေးနံ့များ

အိမ်သုတ်ဆေးနံ့တွေဟာ ကြောင်လေးတွေရဲ့ အသက်ရှုလမ်းကြောင်းကို အားနည်းစေပြီး အဆုတ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်အိမ်မှာ ဆေးသုတ်ပြီးခါစဆိုရင် အခန်းကို လှောင်ပိတ်မနေစေဘဲ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ ဖွင့်ထားပါ။ ဆေးနံ့ကင်းပြီဆိုမှ ကြောင်လေးတွေကို အခန်းထဲသွင်းတာ အကောင်းဆုံးပါပဲ

နောက်ပြီး ကြောင်လေးတွေမှာ သခင်တွေကိုအတွက် အကျိုးပြုတဲ့ အကျိုးကျေးဇူးလေးတွေလည်း ရှိပါသေးတယ်။ 

- စိတ်ဖိစီးမှု နဲ့ စိုးရိမ်စိတ်တွေကို လျော့စေတယ်။

ကြောင်လေးတွေ အိမ်မှာ မွေးထားမယ်ဆိုရင် အထီးကျန်မှုဆိုတာ ဘာလဲလို့တောင် မေးယူရမယ်ထင်တယ်နော်။ ကိုယ်တစ်ယောက်တည်း ဖြစ်နေရင်တောင် ကြောင်လေးတွေက အဖော်အဖြစ် ရှိနေနိုင်ပြီး သူတို့နဲ့အတူ ကစားတဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်ပါတယ်။ 

- ပျော်ရွှင်စေတယ်

သင်ဟာ ကံဆိုးတဲ့ အကြောင်းအရာတွေ တစ်နေကုန် ဖြစ်ပျက်နေရင်တောင် ညအချိန်ကြောင်းလေးတွေကို ထွေးပွေ့လိုက်မယ်ဆိုရင် မပျော်ရွှင်ရတဲ့ အကြောင်းအရာတွေကို ခဏတာ မေ့လျော့သွားစေနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများအပြားမှာ ကြောင်လေးတွေကို စိတ်ကုထုံးအနေနဲ့လည်း အသုံးပြုကြပါတယ်။ 

ကြောင်လေးတွေ အမြဲကျန်းမာနေစေဖို့ ဆိုရင်

- ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း
- ပုံမှန်သန်ချခြင်း
- ပုံမှန်သန့်ရှင်းပေးခြင်း
- အိမ်သန့်ရှင်းရေးလုပ်ခြင်း
- ထိတွေ့ပြီးရင် လက်ဆေးခြင်း ပြုလုပ်ဖို့ မမေ့နဲ့နော်။ 

ဒါဆိုရင် အိမ်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးမရှိစေပဲ ကြောင်လေးတွေကို မွေးမြူနိုင်ပြီပေါ့။ 

နောက်ဆုံးရ ဖတ်ရှုမှုအများဆုံး ဆောင်းပါးများ

အိမ်တိုင်းရဲ့မီးဖိုခန်းမှာရှိနေတတ်တဲ့ ဆနွင်း(နနွင်း)မှုန့်ဝါဝါလေးတွေနဲ့ကုသနိုင်တဲ့ရောဂါများ

ဆီစားတိုင်း မကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

ပျားရည်ကို ရေနွေးပူနဲ့ရောသောက်ခြင်းက အဆိပ်ဖြစ်စေတာ သိပါသလား

ရေသောက်များတာ ကောင်းသလား

Posted By : Ra Wai (ShweProperty.com)