KMIC Industrial Complex စီမံကိန်းအတွက် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုး
By SFJ Strategy First Journal, Shweproperty.com
Updated at 8 August 2019
KMIC Industrial Complex စီမံကိန်းအတွက် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုး
By SFJ Strategy First Journal, Shweproperty.com
Updated at 8 August 2019
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း၊ မြေဧရိယာ(၅၅၅ ဒသမ၈၁) ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန်ဦးဝင်းတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားနိုင်ငံမှ LH.CEO, Mr. Byun Chang Heum(ဗြောင်ချန်းဟွန်)နှင့် တာဝန်ရှိသူများ၊ Global SAE - A မှ CEO, Mr. Kim Ki Myug (ကင်ကီမြောင်း)နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် Korea Land and Housing Corporation, Chief Executive Officer, Mr. Byun Chang Heum (ဗြောင်ချန်းဟွန်)နှင့် Global SAE-A Co.,Ltd , ChiefExecutive Officer , Mr. Kim Ki Myung (ကင်ကီမြောင်း)တို့ကို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က စီမံကိန်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် ၊ Korea Land and Housing Corporation, CEO , Mr. Byun Chang Heumနှင့် Global SAE-A Co.,Ltd , CEO , Mr. Kim Ki Myung တို့မှ ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်များအား လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြောင်းသိရသည်။