By Aye Sandar, Shweproperty.com
Updated at 25 January 2021
လူအချင်းချင်း တစ်ဦးနှင့် တစ်ဦးပေါင်းသင်းဆက်ဆံပြောဆိုရာတွင် သိသင့်သိထိုက်သော၊ ပြုသင့်ပြုထိုက်သော တာဝန်နဲ့ ဝတ္တရားများကို လေ့လာမှတ်သားကာ လက်တွေ့တွင် အကျိုးရှိရှိ ပြန်လည်အသုံးချခြင်းဖြင့် လူနေမှုဘဝ၊ လူ့အဆင့်အတန်းမှာ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ ထိုသို့သိရှိရန် ပြည်သူ့နီတိပညာရပ်ထဲမှ လိုက်နာအပ်သည့် ယဉ်ကျေးမှုအဖြာဖြာရှိသည့်အနက် အိမ်၌ယဉ်ကျေးခြင်း အချက်တွေထဲမှ ၁၆ ချက်ကို သိရှိမှတ်သားစေရန် ရေးသားဖော်ပြအပ်ပါသည်။ ၁။ မိမိနှင့် သင့်လျော်သောနေရာတွင်သာ နေရ၏။ ၂။ လူကြီးမိဘများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲ သွားလာခြင်းမပြုရ။ ၃။ ရွှင်ပျသော မျက်နှာထားအမူအရာရှိအပ်၏။ ၄။ ကျယ်လောင်စွာ စကားပြောဆိုခြင်းမပြု၊ ဆူညံခြင်းမရှိစေရ။ ၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေထိုင်ရာ၏။ ၆။ လူကြီးမိဘများ၏ အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။ ၇။ အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရ၏။ အိပ်ရာမှ ထလျှင် ခြင်ထောင်ကိုတင်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျထားရှိရာ၏။ ၈။ အိပ်ခန်းမှမထွက်မီ ပစ္စည်းများ နေရာတကျ ရှိ၊ မရှိ ကြည့်ရှုစီစဉ်ရာ၏။ ၉။ သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာမပြုနှင့်၊ အိပ်နေသောသူများ မနိုးအောင်သတိပြု ဆောင်ရွက်ရာ၏။ ၁၀။ ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းပါက အသက်ရှူမမှန် ဖြစ်တတ်သည်။ ၁၁။ တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဘက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဘက်ဖြင့် ပေးရာ၏။ ၁၂။ တံခါးရှိသောခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းတွင်းသို့ဖြစ်စေ၊ ဝင်ထွက်သည့်အခါတိုင်း တံခါးကိုပိတ်ရ၏။ ထိုသို့ပိတ်သောအခါ အသံမမြည်အောင် ဖြည်းညင်းစွာ ပိတ်ရာ၏။ ၁၃။ အိမ်သို့ဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေး၊ အမှိုက်သရိုက်တို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ရမည်။ ဖိနပ်ချွတ်ရာတွင်လည်း ချွတ်သင့်သောနေရာတွင်သာ ချွတ်၍ထားရာ၏။ ၁၄။ မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်သင့်၏။ ၁၅။ အစာစားသောအခါတွင် အချိန်မှန်စွာ စားရာ၏။ ဖြည်းညင်းစွာစား၍ ညက်ညက်ဝါးရာ၏။ ၁၆။ ဟင်းရည်သောက်လျှင် မမြည်စေရ။ ဇွန်းနှင့် သွားကို မထိစေရ။ ပေါင်းသင်းဆက်ဆံရာတွင် စောင့်ထိန်းရမည့် ကျင့်ဝတ်အဖြာဖြာကို အပြန်အလှန်စောင့်ထိန်းသင့်သလို ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးခြင်းသည်လည်း အကျင့်စာရိတ္တကောင်းမွန်ခြင်းနည်းတူ အရေးကြီးလှသည်မို့ အိမ်တွင်လည်း အိမ်စည်းကမ်းအလျောက်၊ လမ်းပေါ်၊ စာသင်ကျောင်း၊ စားသောက်ဆိုင်များတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျ လိုက်နာအပ်ပေသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အညံ့တွေပြုံစေလို့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်သင့်သော အပင်တစ်ချို့ အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင် ယတြာ ဘုမ္မိအရပ်ဆို ဝေးဝေးရှောင် ဧကန်မုချ အကျိုးအောင် နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ