By Myanmar Times, Shweproperty.com
Updated at 18 August 2015
ကုက္ကိုင်းလမ်းဆုံတွင် ခုံးကျော်တံတား တည် ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါကို Capital Development Limited ကုမ္ပဏီကရရှိခဲ့ပြီး ယခုလကုန်တွင် စတင် တည်ဆောက်မည်ဖြစ်ကြောင်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ခုံးကျော်တံတားအတွက် အစိုးရဘတ်ဂျက်ငွေ ကျပ် ၁၃ ဘီလျံကျော် ကုန်ကျမည်ဖြစ်ကာ ၂၀၁၆ ခုနှစ်၊ မတ်လ မတိုင်ခင်ပြီးစီးရန် မျှော်မှန်းကြောင်း ကုမ္ပဏီ ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသက်လင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ လက်ရှိတွင် မြေစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကာ ကုန်းကျော်တံတား၏ ဒီဇိုင်းအတွက် ဂျပန်နိုင်ငံမှ JFE Engineering ကုမ္ပဏီထံ အပ်နှံခဲ့ပြီး တံတား သံပေါင်များကိုလည်း အဆိုပါကုမ္ပဏီမှမှာယူတင်သွင်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ လောလောဆယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မစခင်ပြုလုပ်ရမယ့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာစမ်းသပ်မှုတွေတော့ စပြီးလုပ်နေပါပြီ။ ကုမ္ပဏီ အနေနဲ့ကတော့ အစိုးရက တင်ဒါခေါ်လို့ တင်ဒါအောင်ရင် နောက်ထပ်စီမံကိန်းတွေ လည်း ဆောက်သွားဖို့ရှိ ပါတယ်" ဟု ၎င်းက ပြောသည်။ Capital Development Limited ကုမ္ပဏီ သည် အစိုးရ အဖွဲ့ဘတ်ဂျက်ငွေဖြင့် ရွှေဂုံတိုင် ကုန်းကျော်တံတားနှင့် မြေနီကုန်း ခုံးကျော် တံတားများကိုလည်း တင်ဒါအောင်မြင်ကာ ဆောက်လုပ်ခဲ့ပြီး ကုက္ကိုင်းခုံးကျော်တံတား မှာ တတိယမြောက် ဆောက်လုပ်မည့် ခုံးကျော်တံတားဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သည် ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ ၌ ခုံးကျော်တံတား သုံးစင်းတည်ဆောက်ရန် လျာထားပြီး ကုက္ကိုင်းတံတားသည် တစ်ခု အပါ အဝင်ဖြစ်ကာ တာမွေလမ်းဆုံတွင် ငွေကျပ် ၂၃ ဘီလျံတန်ဖိုးရှိ ခုံးကျော်တံတားတစ်စင်း နှင့် ရှစ်မိုင်လမ်းဆုံတွင် ငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံခန့်ကုန်ကျမည့် ခုံးကျော်တံတားတစ်စင်းတို့ကို တည်ဆောက် သွားမည်ဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ