By Khine Zar, Shweproperty.com
Updated at 30 December 2020
အာဆီယံဒေသတွင်းရှိ အခြားသောနိုင်ငံတကာ စက်မှုဇုန်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုဇုန်တစ်ခု ဖြစ်လာစေရန် ကိုရီးယားမြန်မာ စက်မှုဇုန် အကောင်အထည်ဖော်ဖို့ အတွက် မြန်မာဘက်နှင့် ကိုရီးယားတို့ အခြေတည်လိုက်ပြီဖြစ်သည်။ အခြေခံအဆောက်အအုံ ပိုင်းသာမက ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ထိရောက်သည့်ဝန်ဆောင်မှု စနစ်ပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးလည်း ဖြစ်ပါတယ်။အဆိုပါ စီမံကိန်းကိုတော့ Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ(၅၅၈)ဧကပေါ်မှာ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့ အစည်းဖြစ်သည့် Land and Housing Corporation (LH) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ဒါ့အပြင် အလုပ်အကိုင်ပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည့် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာ စက်မှုဇုန် ထူထောင်ရေး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ဒီဇင်ဘာလဆန်းကတည်းက စတင်နိုင်ရန်စီစဉ်ထားခဲ့ကြတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှက ဆိုထားပါတယ်။ KMIC စက်မှုဇုန် စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့ကို စက်မှုဇုန်ဝန်း ပြင်ပသို့အရောက် တည်ဆောက်ပေးရန်အစီအစဉ်များပါဝင်မည်ဖြစ်သည်။ ထိုစီမံကိန်းကို အပိုင်း ၂ ပိုင်းခွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ရန်လျာထားခဲ့ရာ ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် ဒီဇင်ဘာလမှသာစတင်ဆောင်ရွက်သွားရန်လျာထားခဲ့ကြသည်။ စီမံကိန်းတည်ဆောက်ရေးကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ်သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းများ ကိုရီးယား မြန်မာစက်မှုဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများ ဇန်နဝါရီ ၂ဝမှစတင်ကာ မြေကွက်များလျှောက်ထားနိုင် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း လေးထောင့်ကန်ကျေးရွာတွင် အကောင်အထည်ဖော်မည့် YANGON AMATA SMART AND ECO CITY ရန်ကုန်ရဲ့အကြီးမားဆုံးသော စီမံကိန်းကြီး ၃ ခု အကြောင်း Photo Credit : 7day news Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ