By Aye Sandar, Shweproperty.com
Updated at 22 January 2021
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်က သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများနဲ့ အောင်မြင်မှုရရှိထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပါသည်။ စင်ကာပူ၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံတို့နဲ့လည်း ဖက်စပ်ပြီး အလားတူစီမံကိန်း ၃ ခုကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဆွေးနွေးလျက်ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်လည်း ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကိုရီးယား -မြန်မာ စက်မှုဇုန် အဖြစ်လုပ်ဆောင်မည့် KMIC စက်မှုဇုန်ကို ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်နေ့က စတင်ခဲ့ပြီး ထိုင်း - မြန်မာဖက်စပ် AMATA Smart and Eco City စီမံကိန်းကိုတော့ ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်ခဲ့သည်ဟု သိရှိရသည်။ မြန်မာ - စင်ကာပူ ဖက်စပ်လုပ်ငန်းကိုတော့ မကြာခင်မှာ စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဉက္ကဌ ဦးသောင်းထွန်းက ပြောကြားသွားသည်။ KMIC စီမံကိန်းအခမ်းအနားကို ဉက္ကဌ ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတရုံးစီးပွားရေးအကြံပေး Mr. Park Bokyeong တို့တက်ရောက် ပန္နက်တင်ခဲ့ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာသန်း (၁၁၀) လောက်ကုန်ကျမည့် KMIC စီမံကိန်းသည် ကိုရီးယား -မြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်ဖော်ထုတ်ခြင်းသာမက မြန်မာနိုင်ငံရှိ အခြေခံပြည်သူများအတွက် ပိုမိုကောင်းမွန်သော စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်ကြောင်းပါ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ဆိုထားသည်။ ဆက်လက်ပြီး ယင်းစီမံကိန်း ဖော်ထုတ်ပြီးစီးပါက အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်ပါ အခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ နိုင်ငံတော်က ပြည်တွင်းစီးပွားရေးလုပ်ငန်း၊ စားသောက်ဆိုင်တွေနဲ့ စက်မှုလုပ်ငန်းပေါင်းများစွာကိုလည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်လို့ ဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စီးပွားရေးပူးပေါင်းလုပ်ကိုင်နိုင်ရန် ၁၉၈၇ ခုနှစ်က ရန်ပုံငွေထူထောင်ခဲ့တဲ့ Economic Development Cooperation Fund ကနေ ချေးငွေရယူပြီး KMIC အတွက် တောင်ကိုရီးယားအစိုးရက ဘဏ္ဍာရေးအရ ထောက်ပံ့ပေးသွားမှာဖြစ်ပါသည်။ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်းကနေ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းခန့် ဖန်တီးပေးနိုင်မှာ ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသွားသည်။ နောက်ဆုံးရ သတင်းများ အဆင့်မြင့် ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် RESORT များအပြင် တန်ဖိုးသင့်အိမ်ရာများပါ ပါဝင်မည့် ပုသိမ်စက်မှုမြို့တော် စီမံကိန်း COVID 19 ရိုက်ခတ်မှုအပြီး မြန်မာ့အိမ်ခြံမြေစျေးကွက်သည် DIGITAL MARKETING ဖြင့် ရောင်းဝယ်မှုပုံစံဘက်သို့ ပိုမိုဦးတည်နိုင်ဖွယ်ရှိ နိုင်ငံခြားဝင်ငွေများစွာရရှိနိုင်မည့် ကွန်ဒိုအခန်းပေါင်း ၆၀၀၀ ခန့်လျာထားကြောင်း မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ