By Sint Sint, Shweproperty.com
Updated at 26 November 2020
Unicode
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် နိုင်ငံတော် အဆင့်စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၂၀ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် - ၁၉ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေကို ပြည်သူသို့အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။
နိုင်ငံတော်စီမံကိန်းတွေအဖြစ် လှည်းကူးမြို့နယ်မှာ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့နဲ့ပူးပေါင်းကာ စက်မှုမြို့တော်ကို ဒီဇင်ဘာလအတွင်း အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
စီးပွားရေးတိုးတက်အောင် နိုင်ငံတော်စီမံကိန်းကြီးတွေလည်း အများကြီးစီစဉ်ထားပြီး ဒီဇင်ဘာလမှာ ကိုရီးယား- မြန်မာ စက်မှုဇုန်ကို လှည်းကူးမြို့နယ်မှာ စပြီး အုတ်မြစ်ချမယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ-စင်ကာပူ စက်မှုဥယျာဉ်ကိုလည်း လှည်းကူးမြို့နယ်မှာပဲ မကြာခင်အချိန်အတွင်း ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဒဂုံမြို့သစ်မှာလည်း Smart and Eco City Project ဖြစ်တဲ့ မြို့သစ်စီမံကိန်းတစ်ခုကိုလည်း နည်းပညာ တိုးတက်မှုနဲ့ ပြည်ဝတဲ့မြို့စီမံကိန်း တစ်ခုအဖြစ် စပြီး အကောင်အထည်ဖော်သွားမယ်လို့ဆိုပါတယ်။
ဒီလိုစီမံကိန်းကြီးတွေ အကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရုံတင်မကဘဲ မြန်မာပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးမှုဘက်မှာလည်း အင်မတန်မှ အရေးပါတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံက မိန့်ခွန်းမှာထည့်သွင်း ပြောကြားပါတယ်။
နောက်ဆုံးရ သတင်းများ
ရန်ကုန်မြို့၏ ပထမဆုံးအပန်းဖြေပန်းခြံတံတားဖြစ်လာမည့် ဒေါပုံတံတားဟောင်း
လှည်းကူးမြို့နယ်ရှိ ကိုရီးယား-မြန်မာစက်မှုဇုန်၊ မြန်မာ-စင်ကာပူ စက်မှုဥယျာဉ်နှင့် ဒဂုံမြို့သစ်တွင် SMART AND ECO CITY PROJECT စီမံကိန်းများကို စတင်အကောင်အထည်ဖော်တော့မည်
COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ အိမ်မှာနေရင်း လိုက်နာသင့်တဲ့ အချက်များ
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
Zawgyi
ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္ေအာင္ ႏိုင္ငံေတာ္ အဆင့္စီမံကိန္းႀကီးေတြကို အေကာင္အထည္ေဖာ္သြားမယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံက ေျပာၾကားလိုက္ပါတယ္။
ႏိုဝင္ဘာလ ၂၀ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ - ၁၉ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနေတြကို ျပည္သူသို႔အစီရင္ခံတဲ့ မိန႔္ခြန္းမွာ ေျပာၾကားလိုက္တာပါ။
ႏိုင္ငံေတာ္စီမံကိန္းေတြအျဖစ္ လွည္းကူးၿမိဳ႕နယ္မွာ ကိုရီးယား၊ စင္ကာပူႏိုင္ငံတို႔နဲ႔ပူးေပါင္းကာ စက္မႈၿမိဳ႕ေတာ္ကို ဒီဇင္ဘာလအတြင္း အေကာင္အထည္ေဖာ္မယ္လို႔ ဆိုပါတယ္။
စီးပြားေရးတိုးတက္ေအာင္ ႏိုင္ငံေတာ္စီမံကိန္းႀကီးေတြလည္း အမ်ားႀကီးစီစဥ္ထားၿပီး ဒီဇင္ဘာလမွာ ကိုရီးယား- ျမန္မာ စက္မႈဇုန္ကို လွည္းကူးၿမိဳ႕နယ္မွာ စၿပီး အုတ္ျမစ္ခ်မယ္လို႔လည္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ ျမန္မာ-စင္ကာပူ စက္မႈဥယ်ာဥ္ကိုလည္း လွည္းကူးၿမိဳ႕နယ္မွာပဲ မၾကာခင္အခ်ိန္အတြင္း ေဆာင္႐ြက္မယ္လို႔ သိရပါတယ္။ ဒဂုံၿမိဳ႕သစ္မွာလည္း Smart and Eco City Project ျဖစ္တဲ့ ၿမိဳ႕သစ္စီမံကိန္းတစ္ခုကိုလည္း နည္းပညာ တိုးတက္မႈနဲ႔ ျပည္ဝတဲ့ၿမိဳ႕စီမံကိန္း တစ္ခုအျဖစ္ စၿပီး အေကာင္အထည္ေဖာ္သြားမယ္လို႔ဆိုပါတယ္။
ဒီလိုစီမံကိန္းႀကီးေတြ အေကာင္အထည္ေဖာ္တဲ့အခါမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာ႐ုံတင္မကဘဲ ျမန္မာျပည္သူေတြအတြက္ အလုပ္အကိုင္ ဖန္တီးမႈဘက္မွာလည္း အင္မတန္မွ အေရးပါတယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံက မိန႔္ခြန္းမွာထည့္သြင္း ေျပာၾကားပါတယ္။
ေနာက္ဆုံးရ သတင္းမ်ား
ရန္ကုန္ၿမိဳ႕၏ ပထမဆုံးအပန္းေျဖပန္းၿခံတံတားျဖစ္လာမည့္ ေဒါပုံတံတားေဟာင္း
လွည္းကူးၿမိဳ႕နယ္ရွိ ကိုရီးယား-ျမန္မာစက္မႈဇုန္၊ ျမန္မာ-စင္ကာပူ စက္မႈဥယ်ာဥ္ႏွင့္ ဒဂုံၿမိဳ႕သစ္တြင္ SMART AND ECO CITY PROJECT စီမံကိန္းမ်ားကို စတင္အေကာင္အထည္ေဖာ္ေတာ့မည္
COVID-19ကာလ အဆုတ္ေလးေတြ က်န္းမာေစဖို႔ အိမ္မွာေနရင္း လိုက္နာသင့္တဲ့ အခ်က္မ်ား
ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္အျပင္ပတ္လမ္းစီမံကိန္း ဦးေဆာင္ေကာ္မတီ၏ စတုတၳအႀကိမ္ အစည္းအေဝးက်င္းပ
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ