By Myanmar Builders Guide, Shweproperty.com
Updated at 27 December 2018
သံလျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာမှ ပန်းဆိုးတန်းဆိပ်ကမ်းအထိ သင်္ဘောပြေးဆွဲမည်ဖြစ်ရာ ကြယ်စင်အိမ်ရာတွင် သင်္ဘောဆိပ်ကမ်း တည်ဆောက်မှုစတင်နေပြီဖြစ်ကြောင်း Yoma Strategic ဥက္ကဌ ဦးသိမ်းဝေက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောသည်။
ကြယ်စင်အိမ်ရာသည် သန်လျင်မြို့နယ်အတွင်း ပဲခူးမြစ်တစ်လျှောက်ရှိ ၁၃၅ ဧကပေါ်တွင် လူနေအိမ်ရာတည်ဆောက်ဖော်ထုတ်လျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ရာ အိမ်ရာတွင်းနေထိုင်သူများ၏သွားလာရေးအဆင်ပြေစေရန်အတွက် ယခုကဲ့သို့ သင်္ဘောဆိပ်ကမ်းတစ်ခုကို တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကြယ်စင်အိမ်ရာစီမံကိန်းကို အဆင့်အလိုက်တည်ဆောက်လျက်ရှိပြီး တည်ဆောက်မှုလုပ်ငန်းပြီးစီးပါက လူနေအိမ်ခန်းပေါင်း ၁၀၀၀၀ နှင့် စတုရန်းပေ ၁ ဒသမ ၇ သန်း ကျယ်ဝန်းသည့် စီးပွားရေးဆိုင်ကာအဆောက်အအုံတို့ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊၊ လက်ရှိတွင် အိမ်ရာဝင်းအတွင်း၌ မြန်မာနိုင်ငံ၏အကြီးဆုံးနိုင်ငံတကာကျောင်းကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ရာ ယခုနှစ်မတ်လကုန်အထိ လူနေတိုက်ခန်းပေါင်း ၂၀၀၀ ကျော်ကိုလည်းရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတည်ဆောက်နေသော သင်္ဘောဆိပ်ကမ်းမှာ လာမည့် ၂၀၂၀ ပြည့်နှစ်တွင်ပြီးစီးမည်ဖြစ်ရာ ကြယ်စင်အိမ်ရာအတွင်းနေထိုင်သူများအနေဖြင့် မြို့တွင်းသို့ ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးစလုံးဖြင့် သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ