By Myanmar Builders Guide, Shweproperty.com
Updated at 13 March 2019
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် တိုက်ခန်းပေါင်း နှစ်ထောင်ကျော်ပါဝင်သည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း ၁ သည် ၈၆ ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ စီမံကိန်းတွင် ၄ ခန်းတွဲ ၅ ထပ် အဆောက်အအုံများ၊ ၈ ခန်းတွဲ ၅ ထပ် အဆောက်အအုံများ၊ ၆ ခန်းတွဲ ၅ ထပ် အဆောက်အအုံများနှင့် ၁၂ ခန်းတွဲ ၅ ထပ် အဆောက်အအုံပေါင်း ၇၃ လုံးအထိ ပါဝင်ပြီး အခန်းအရေအတွက် ၂၃၇၂ ခန်း အထိရှိကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။
ယင်း လှိုင်သာယာ ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်း၏ စုစုပေါင်း လုပ်ငန်းတန်ဖိုးမှာ ကျပ် ၃၆၁၁၀၇ ဒသမ ၄၂ သိန်းအထိရှိပြီး အဆောက်အအုံ တန်ဖိုးများမှာ ကျပ် ၂၆၃၀၂၄ ဒသမ ၇၂ သိန်းရှိကာ အခြေခံ အဆောက်အဦ တန်ဖိုးစုစုပေါင်းမှာ ၉၈၀၈၂ ဒသမ ၇၀ သိန်းရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID) နှင့် ချိတ်ဆက်ကာ နှစ်ရှည် အရစ်ကျစနစ်ဖြင့် ဝန်ထမ်းများနှင့် အများပြည်သူများကို ရောင်းချပေးလျက်ရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ