By Kumudra, Shweproperty.com
Updated at 24 August 2017
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဖော်ဆောင်နေတဲ့ ကျန်စစ်မင်း အိမ်ရာအပိုင်း (၁) ဆောက်လုပ် ပြီး စီးနေပြီး အပိုင်း (၂) ကို ဆောက်လုပ်ဆဲဖြစ်တယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ဆောက်လုပ်ရေးကုမဏီတွေနဲ့ အပိုင်း (၁)၊ အပိုင်း (၂) ခွဲပြီး တည်ဆောက်နေတာဖြစ်ပါတယ်။ အခုအခါ အပိုင်း (၁) အိမ်ရာတွေ ပြီးစီးနေပြီး အပိုင်း (၂) အိမ်ရာကို ပြီးခဲ့တဲ့ မေလအတွင်းက စတင်အကောင်အထည်ဖော်ခဲ့တယ်လို့ သိ ရပါ တယ်။
အပိုင်း (၁) စီမံကိန်းမြေဧရိ ယာ အကျယ်အဝန်းက ၇၂.၁၀၅ ဧကဖြစ်ပြီး ခြောက်ခန်းတွဲသုံးထပ် ၁၀ဝ၀ စတုရန်းပေ သုံးလုံး၊ အခန်း ပေါင်း ၅၃ ခန်း၊ လေးခန်းတွဲငါးထပ် ၆၅၀ စတုရန်းပေ ၂၇ လုံး၊ အခန်းပေါင်း ၅၄၀၊ ရှစ်ခန်းတွဲ ငါး ထပ် ၄၈၄/၅၂၂ စတုရန်းပေ ၂၁ လုံး၊ အခန်းပေါင်း ၈၄၀၊ ခြောက်ခန်းတွဲ ငါးထပ် ၄၆၈ စတုရန်းပေ ၁၆ လုံး၊ အခန်းပေါင်း ၄၈၀ နဲ့ ၁၂ ခန်းတွဲ ငါးထပ် (RC) ၃၂၄ စတု ရန်းပေ ၂၁ လုံး၊ အခန်းပေါင်း ၁၂၆၀ စုစုပေါင်း တိုက် ၈၈ လုံးနဲ့ အခန်းပေါင်း ၃၁၇၄ ခန်းကိုတည် ဆောက်ထားပြီး အချို့တိုက်ခန်းတွေကို ဆက်ပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။
အပိုင်း (၁) နဲ့ တစ်ဆက်တည်းဖြစ်တဲ့ အပိုင်း (၂) မြေဧရိယာမှာ ဆောက်လုပ်ရေးကုမဏီ ၁၈ ခုက တိုက်ခန်းပေါင်း ၇၀ ကို တည်ဆောက်လျက်ရှိတယ်လို့ သိ ရပါတယ်။ ကျန်စစ်မင်းအိမ်ရာ တည်ဆောက်ရေး အပိုင်း (၁) ရှိ အဆောက်အအုံတွေကို တည် ဆောက်ဆဲကာလဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမှ ခွဲတမ်းချပေးခြင်း၊ ရောင်းချပေးခြင်းမရှိသေးဘူးလို့ ကြော်ငြာထားတာ တွေ့ရပြီး ရပ်ကွက်ရုံး၊ ဈေး၊ ဓမ္မာရုံ၊ စီမံခန့်ခွဲရေးရုံး၊ နေ့ကလေး ထိန်း ကျောင်း၊ ရေစက်ရုံတို့ပါရှိပြီး အပိုင်း (၂) မှာ တစ်ဧကလောက် အကျယ်ရှိတဲ့ ဓာတ်အားခွဲစက်ရုံနဲ့ ပန်းခြံတို့ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁)၊ အပိုင်း (၂) တည်ဆောက်ရေးမှာ စီမံကိန်းတာဝန်ခံတွေထားရှိ ပြီး ကျန်စစ်မင်းအိမ်ရာရဲ့ ဝင် ပေါက်ထွက်ပေါက်ထိပ်မှာ ကျန်စစ်သားလမ်းမကြီးရှိပြီး လမ်းမကြီး တစ်ဖက်ခြမ်းမှာ ထီးလှိုင်ရှင်အိမ် ရာရှိပါတယ်။
ကျန်စစ်မင်းအိမ်ရာဟာ ရန်ကုန် – ညောင်တုန်းလမ်းမကြီး ထောင့်၊ ရုံးထိပ်မှတ်တိုင်အနီးမှာ တည်ရှိပြီးသွားလာရေးလွယ်ကူတဲ့ အိမ်ရာဖြစ်တယ်လို့ သိရပါ တယ်။ အောင်ဇေယျတံတားကို ဖြတ်ပြီး အင်းစိန်မြို့နယ်ကို သွားလာနိုင်တဲ့အပြင် ရန်ကုန် – ပုသိမ် လမ်းမကြီးကိုလည်း ဘုရားလမ်း က ဖြတ်ပြီး ဘုရင့်နောင် အမှတ်(၁)၊ အမှတ် (၂) တံတားကနေ သမိုင်းလမ်းဆုံကို သွားလာနိုင်တာကြောင့်သွားလာရအဆင်ပြေ ချောမွေ့တဲ့အိမ်ရာဖြစ်တယ်လို့ သိရပါတယ်။
ယခုတည်ဆောက်နေတဲ့ ကျန်စစ်မင်းအိမ်ရာမှာ အိမ်ရာ လျှောက်ထားသူကိုယ်တိုင်နေထိုင် ခြင်းမရှိဘဲ စက်ရုံအလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ငှားရမ်းရင်အိမ်ရာ အ ဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဧရိယာတွေ ပျက်စီးနိုင်တာကြောင့် အမှန်တကယ်လိုအပ်တဲ့ ပြည်သူတွေ နေထိုင်ဖို့အတွက်သာ လိုအပ်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ထမ်းလစာနဲ့ အိမ်တစ်ခန်းပိုင်ဆိုင်နိုင်တဲ့သင့်တော်တဲ့ဈေးနှုန်း၊ အရစ်ကျစနစ်နဲ့ အခြေခံပြည်သူတွေဝယ်ယူနိုင်တဲ့ ဈေးနှုန်းနဲ့အမှန်တကယ်နေထိုင်သူတွေကိုရောင်းချပေးနိုင်မယ်ဆိုရင် မြို့ပြမွန်းကျပ်မှုကို ဖြေလျှော့ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ