By Myanmar Builders Guide, Shweproperty.com
Updated at 21 January 2019
လှိုင်သာယာမြို့နယ်၌ တည်ဆောက်ထားသည့် ကျန်စစ်မင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို ငွေအကျေပေးသွင်းနိုင်သူများအား ဇန်နဝါရီ ၁၄ ရက်က ပထမဦးစားပေးအဖြစ် စတင် ရောင်းချပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိတွင် ယင်းတိုက်ခန်းများကို ငွေလက်ငင်းအကျေပေးသွင်းနိုင်သူများအား ပထမဦးစားပေး၊ ပထမအရစ် တိုက်ခန်းတန်ဖိုး တစ်ဝက်တိတိပေးသွင်းနိုင်သူများအား ဒုတိယဦးစားပေးနှင့် ပထမအရစ် ၃၀ ရာခိုင်နှုန်းပေးသွင်းနိုင်သူများအား တတိယဦးစားပေးအဖြစ် အဆင့်သုံးဆင့်ခွဲ၍ ရောင်းချပေးနေခြင်းဖြစ်ပြီး ငွေအကျေပေးသွင်း၍ လက်ငင်းဝယ်ယူသူများကို ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ငင်းဝယ်ယူသူများသည် ဦးရာလူစနစ်ဖြင့် သတ်မှတ်စည်းကမ်းချက်အတွင်း၌ တစ်ဦးလျှင် တစ်ခန်းစီသာ တန်းစီဝယ်ယူခွင့်ရခြင်းဖြစ်ပြီး ဝယ်ယူခွင့်တန်းစီအမှတ်စဉ်များအတိုင်း အမှတ်စဉ်သတ်မှတ်ကာ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) ၌ ငွေသွင်းပြီး ငွေသွင်းချလန်နှင့်အတူ မြေညီထပ်ဘဏ္ဍာရေးဌာနရှိ ငွေတိုက်သို့ အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝယ်ယူခွင့်ရရှိသူကိုယ်တိုင် ငွေသွင်းချလန်မူရင်းနှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ ဌာနမှ ထုတ်ပေးသည့် ငွေအကျေတိုက်ခန်းလျှောက်လွှာပုံစံမူရင်းတို့ဖြင့် အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲသို့ ဇန်နဝါရီ ၂၁ ရက်မှစ၍ မိမိဝယ်ယူထားသော တိုက်ခန်း၌ တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိရောင်းချနေသည့် ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ၏ အခန်းတန်ဖိုးများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်း လျှင် ငွေကျပ် ၁၀၂ သိန်း၊ ၁၀၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သိန်း၊ ၁၃၉ သိန်း၊ ၁၄၂ သိန်း တို့ဖြင်ရော့င်းချပေးနေခြင်းဖြစ်ပြီး အခန်းအကျယ်အဝန်းအနေဖြင့် ၄၈၄ စတုရန်းပေပတ်လည်နှင့် ၅၂၂ စတုရန်းပေပတ်လည် ရှိကြောင်း သိရသည်။
ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်း၊ ၂၇၄ သိန်း တို့ဖြင့် ရောင်းချလျှက်ရှိပြီး အခန်းအကျယ်အဝန်းအနေဖြင့် ၆၅၀ စတုရန်းပေပတ်လည် ရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ