By Pyi Myanmar, Shweproperty.com
Updated at 3 January 2019
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပုသိမ်-ညောင်တုန်းလမ်းမနှင့် ကျန်စစ်သားလမ်းကြားတွင် တည်ရှိသော ကျန်စစ်မင်းအိမ်ရာစီမံကိန်းအပိုင်း-၁ မှ တန်ဖိုးသင့်နှင့်တန်ဖိုးနည်းအခန်းများကို ယခုလ ၁၄ ရက်တွင် စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် လက်ငင်းငွေအကြေစနစ်ဖြင့် ဦးစွာရောင်းချပေးမည်ဖြစ်ပြီး ငွေအကြေပေးသွင်း ဝယ်ယူလိုသူများကို ယခုလ ၁၄ရက်မှ ၁၈ရက်အတွင်း ဦးရာလူစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။
“လက်ငင်းငွေအကြေစနစ်နဲ့ ဝယ်မယ့်သူတွေကို အရင်ရောင်းမယ်။ ပြီးရင် ဖေဖော်ဝါရီလမှာ ဆောက် လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)မှာ အိမ်ရာစုဆောင်းငွေရှိတဲ့သူတွေကို မဲစနစ် နဲ့ရောင်းချပေးဖို့ ရှိပါတယ်”ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျန်စစ်မင်းအိမ်ရာမှ လေးခန်းတွဲ ငါးထပ်အဆောက်အအုံရှိ စတုရန်းပေ ၆၅၀ အကျယ်အဝန်းရှိသော တန်ဖိုးသင့်အခန်းများကို လက်ငင်းငွေအကြေပေးသွင်းသူများအား ပထမဦးစားပေးအဖြစ်လည်းကောင်း၊ ကနဦး ပေးသွင်းငွေ ၅၀ ရာခိုင်နှုန်း ပေးသွင်းသူများအား ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ရောင်းချပေးမည်ဖြစ်ပြီး ရှစ်ခန်းတွဲငါးထပ်အဆောက်အအုံရှိ ၄၈၄ စတုရန်းပေနှင့် ၅၂၂ စတုရန်းပေအမျိုးအစားရှိ တန်ဖိုးနည်းအခန်းများ ကို လက်ငင်းငွေအကြေပေးသွင်းသူများအား ပထမဦးစားပေးအဖြစ်လည်းကောင်း၊ ကနဦးပေးသွင်းငွေ ၅၀ ရာခိုင်နှုန်းပေးသွင်းသူများအား ဒုတိယဦးစားပေးအဖြစ်လည်းကောင်း၊ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း ပေးသွင်းသူများအား တတိယဦးစားပေးအဖြစ်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါအခန်းများကို CHID ဘဏ်တွင် ၃၀-၁၀-၂၀၁၈ ထိ စုဆောင်းငွေ ကျပ် သိန်း ၃၀ နှင့်အထက် စုဆောင်း ထားရှိသူစာရင်း ၃၂၀၈ ဦးတွင် ပါဝင်သူများက ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo : Pyi Myanmar
Posted : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ