By 7daydaily, Shweproperty.com
Updated at 26 April 2016
ဘတ်ဂျက်အသုံးစရိတ် လျှော့ချမှုကြောင့် အစိုးရသစ် အပေါ် ယုံကြည်မှုတိုးလာသဖြင့် မြန်မာကျပ်ငွေ ဆက်တိုက်မြင့် တက်လာမည်ဟု စီးပွားရေးပညာ ရှင် အချို့က ခန့်မှန်းကြသည်။
ပြည်တွင်းလှည့်လည်သုံးစွဲ ငွေဖြစ်သော ကျပ်ငွေတန်ဖိုး မြင့် တက်ရန် ကုန်သွယ်မှုလိုငွေ နည်း ပါးခြင်း၊ နိုင်ငံခြားအရန်ငွေ လုံ လောက်စွာရှိရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ရှိနေပြီး နိုင်ငံခြား အရန်ငွေမှာလည်း ပို့ကုန်တန်ဖိုး၏ နှစ်လခွဲစာသာ ရှိနေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။
သို့သော် လက်ရှိ အာဏာရယူထားသည့် အစိုးရအပေါ် ပြည်သူများက မျှော်လင့်ချက်ကြီးမားပြီး ယုံကြည်သဖြင့် ကျပ်ငွေတန်ဖိုး မြင့်တက်လာခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
‘‘နိုင်ငံရေးမျှော်လင့်ချက်က အရမ်းကြီးမားတယ်။ ယုံကြည်မှု ကလည်း တိုးတက်နေတော့ ရှေ့ ဆက်ပြီး မြန်မာငွေတန်ဖိုးက တက်ဦးမှာပဲ’’ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ်အား နိုင်ငံတကာမှ အကူအညီများအဖြစ် နိုင်ငံခြား ငွေများ ထောက်ပံ့ရန် အစီအစဉ် ကြောင့် အမေရိကန်ဒေါ်လာများ ပြည်တွင်းသို့ဝင်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ထပ်မံမြင့်တက် နိုင်ကြောင်း အမျိုးသားလွှတ်တော် အမတ် ဦးသန်းစိုး (ဘောဂဗေဒ)က ပြောသည်။ ထို့အပြင် မကြာမီရက်ပိုင်းအတွင်းက ထုတ်ပြန် ခဲ့သော ပနားမားပေပါစ်ဟု အမည်ပေးထားသည့် ပြည်ပ လျှို့ဝှက် ဘဏ် စာရင်းဖွင့်ထားသူများ စာရင်းပေါက်ကြားမှုကြောင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာများစွာ စီးဝင်လာနိုင် သည်။
လျှို့ဝှက်ဘဏ်စာရင်း ဖွင့် ထားသူများ စာရင်းအား နိုင်ငံ တကာ စုံစမ်းထောက်လှမ်း စစ် ဆေးမှုဆိုင်ရာ သတင်းထောက် အဖွဲ့ (ICIJ) က ထုတ်ဖော်မှု ကြောင့် သက်ဆိုင်ရာဘဏ်စာရင်း ဖွင့်ထားသူများသည် ဒေါ်လာ လက်ခံမည့် နိုင်ငံများကို ရင်းနှီး မြှုပ်နှံမှုအဖြစ် အမေရိကန် ဒေါ်လာများ စီးဝင်လာနိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က သူ၏ ဖေ့စ် ဘွတ်ခ်တွင် ရေးသားထားသည်။
မြန်မာကျပ်ငွေတန်ဖိုးသည် အစိုးရသစ် စတင်တာဝန်ယူသည့် ဧပြီ ၁ ရက်မှစတင် မြင့်တက် လာသည်။ အမေရိကန်တစ်ဒေါ် လာလျှင် ၁,၂၀၀ ကျပ်ခန့်မှ နှစ်သစ်ကူး ရုံးပိတ်ရက်ကုန်ဆုံးသည့် ဧပြီ ၂၁ ရက်တွင် တစ် ဒေါ်လာ လျှင် ကျပ် ၁,၁၆၃ ကျပ်သို့ ကျဆင်းခဲ့ကြောင်း ပြင်ပငွေလဲ လုပ်ငန်း လုပ်ကိုင်သူများက ပြော ကြားသည်။
‘‘ဒေါ်လာက ဆက်ပြီးအေး နိုင်တယ်’’ဟု ပြည်ပသို့ ဆန်တင် ပို့ရောင်းချနေသည့် လုပ်ငန်းရှင် တစ်ဦးကဆိုသည်။ ကျပ်ငွေတန်ဖိုး ဆက်လက် မြင့်တက်နိုင်ခြင်း ကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ် များသည် ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ဝယ်ယူမှုကို များစွာလျှော့ချလာသည်။ ဘဏ် အချို့ကလည်း ပြင်ပရောင်းချသူ များထံမှ အမေရိကန်ဒေါ်လာကို အဝယ်ရပ်ထားသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ် များနှင့် ငွေလဲကောင်တာများ သည် ဗဟိုဘဏ်က သတ်မှတ် သော ရည်ညွှန်း ငွေလဲနှုန်းထားအပေါ် မူတည်၍ ဈေးဖွင့်ရသည်။ ဗဟိုဘဏ်က သတ်မှတ်သော နေ့စဉ် ရည်ညွှန်းငွေလဲနှုန်းအပေါ်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျှော့ ပြုလုပ်ပြီး အရောင်းအဝယ် ပြုလုပ်ရသည်။
ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် ဧပြီ ၂၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁,၁၈၀ ကျပ်ဖြစ်သည်။
ထို့ကြောင့် ပုဂ္ဂလိကဘဏ်များတွင် တရားဝင် ရောင်းဈေးသည် ပြင်ပဈေးထက် များနေခြင်း၊ ဝယ်ဈေးမှာလည်း ရောင်းဈေးအပေါ် မူတည်ဖွင့်ရခြင်းကြောင့် ပြင်ပဈေးထက်မြင့်နေသည်။
ဈေးနှုန်း ကွာခြားချက် အပေါ်မူတည်၍ ပြင်ပမှ ဒေါ်လာ ဝယ်ယူ၍ ဘဏ်များ၌ ပြန ်လည် ရောင်းချမှုများ ရှိခြင်းကြောင့် အမေရိကန်ဒေါ်လာ အဝယ်လျှော့ ချ ရပ်တန့်ထားခြင်းဟု ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အရာရှိ တစ်ဦးက ပြောသည်။
Ref : 7daydaily
Photo Credit : shutterstock
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ