By 7daydaily, Shweproperty.com
Updated at 8 June 2015
ကြည့်မြင်တိုင်ဘူတာ နယ်မြေအတွင်း အထပ်မြင့်စီးပွား ရေး အဆောက်အအုံများ ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များအား အဆိုပြုလွှာ ခေါ်ယူထားကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိ သည်။
မြန်မာ့မီးရထားနှင့် အကျိုး တူ ပူးပေါင်းဆောင်ရွက်ရန် စိတ် ပါဝင်စားသော ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား ဟိုတယ်၊ ရှော့ပင်းမောလ် အဆင့်မြင့်စီးပွား ရေး အဆောက်အအုံများ တည် ဆောက်ရန် တင်ဒါခေါ်ယူလိုက် ခြင်း ဖြစ်သည်။
မြေခြောက်ဧကကျော်တွင် အကောင်အထည်ဖော်မည့် အဆို ပါ စီမံကိန်းကို မြန်မာ့မီးရထားက ဌာနပိုင်နယ်မြေများအနက် ပထမ ဆုံး အဆိုပြုလွှာခေါ်ယူခြင်းဖြစ် ပြီး ဒုတိယမြောက်အဖြစ် ပုဇွန် တောင် ဘူတာနယ်မြေတွင် အ ကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။
အထက်ပါ စီမံကိန်းများကို ပြီးခဲ့သည့် ၂၀၁၄ ကတည်းက အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မခေါ်ယူနိုင်ခဲ့ဘဲ ယခု ၂၀၁၅ မှသာ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ကြည့်မြင်တိုင်ဘူတာ စီမံ ကိန်းမှာ ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အပိုင်းများ အနက် တစ်ပိုင်းအဖြစ် ပါဝင်လာ ဖွယ်ရှိပြီး နောက်ပိုင်း၌ ရန်ကုန်မြို့ ရှိ ဘူတာရုံအချို့တွင် အဆင့်မြင့် စီမံကိန်းများ လုပ်ဆောင်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက မျှော်လင့်ထားသည်။
ကြည့်မြင်တိုင်ဘူတာ နယ် မြေတွင် လုပ်ကိုင်လိုသည့် လုပ် ငန်းရှင်များအနေဖြင့် အကောင် အထည်ဖော်မည့် စီမံကိန်းပုံစံ အဆိုပြုလွှာကို သြဂုတ်လနောက် ဆုံးထားပြီး မြန်မာ့မီးရထားသို့ပေးပို့ရမည်ဖြစ်သည်။
စီမံကိန်းအဆိုပြုလွှာ မခေါ် ယူမီကပင် ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီးက အဆိုပါ စီမံကိန်းကို လုပ်ဆောင်မည်ဟု တရားဝင် ပြောကြားထားခြင်း ကြောင့် လုပ်ကိုင်လိုသည့် လုပ် ငန်းရှင်များက မကြာခဏ လာ ရောက်မေးမြန်းမှုများရှိသဖြင့် ယခုကဲ့သို့ အဆိုပြုလွှာ ခေါ်ယူလိုက်ခြင်းဖြစ်သည်ဟု မြန်မာ့မီးရထားမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ