By Ra Wai, Shweproperty.com
Updated at 2 July 2020
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်ရှိ ကြို့ကုန်း ပြည်သူ့ အငှားအိမ်ရာကို ပြန်လည် အဆင့်မြှင့် တည်ဆောက်မည် ဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ ယခုနှစ်အတွင်းစတင်မည်ဖြစ်ကြောင်း Myanmar Thilawa SEZ Holding Public (MTSH)၏ ဥက္ကဋ္ဌဦးဝင်းအောင် က ပြောသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော အင်းစိန်မြို့နယ် ကြို့ကုန်း ပြည်သူ့ အငှားအိမ်ရာ ကို မြို့ပြ ပြန်လည် ဖွံ့ဖြိုးရေး အစီအစဉ်အရ (Redevelop-ment plan ) ပြန်လည်တည်ဆောက်နိုင် ရန် အတွက် တင်ဒါခေါ်ယူခဲ့ရာMTSH ကတင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ]]ယခုနှစ်မှာတော့ အောင်မြင်မှုအနေနဲ့ ကြို့ကုန်းအနောက်မှာရှိတဲ့ ယခင်နှစ် ပေါင်း ၅၀ ကျော် ၆၀ ခန့်က ရှိနေတဲ့ ဝန်ထမ်းအိမ်ရာတွေကို ပြန်လည် တည်ဆောက်ဖို့အတွက် ယို ယွင်းနေပြီဖြစ် တဲ့အိမ်ရာတွေကို ပူးပေါင်းတည်ဆောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ပြီးတော့ အများပြည်သူ ရင်းနှီးမြုပ်နှံမှု များကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ ခဲ့တဲ့အနေအထားမှာ ကျွန်တော်တို့ဝင် ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို တင်ဒါအောင်မြင်ပြီးတော့ အကောင်အထည်ဖော်ခွင့်ရရှိပြီဖြစ်ပါတယ်။ အင်ဂျင်နီယာလုပ်ငန်းတွေ အဲဒီမှာရှိတဲ့ ပြည်သူတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း ပြီး ဒီနှစ်ထဲမှာပဲ စတင်တည်ဆောက်အ ကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေ ပါတယ်}} ဟု ယင်းက ပြောသည်။
ကြို့ကုန်းအိမ်ရာစီမံကိန်းသည် မင်း ဓမ္မလမ်းရှိ နြတ New CBD နှင့် မလှမ်းမကမ်း တွင် တည်ရှိသကဲ့သို့ မီးရထားမြို့ပတ်လမ်း ပေါ်၌ တည်ရှိသည့် စီမံကိန်းဖြစ်သော ကြောင့် ကားလမ်းသာမက မြို့ပတ်ရထား နှင့်လည်း အိမ်ရာနေပြည်သူများ သွား လာနိုင်မည့်အနေအထားဖြစ်ကြောင်း၊ အရည်အသွေးရှိသောနိုင်ငံတကာဖွဲ့စည်း မှုပုံစံများဖြင့် တည်ဆောက်သွားရန်အ တွက်လည်း နိုင်ငံတကာဗိသုကာများဖြင့် ညှိနှိုင်းပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရ သည်။ အိမ်ရာတွင် စုစုပေါင်းအခန်း ၁၄၅ ခန်း ပါရှိပြီး လက်ရှိ အိမ်ခန်းလခ မှာ တစ် စတုရန်းပေလျှင် ၁၂ကျပ် ၅ပြားနှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ အခန်းတစ် ခန်းအကျယ်အဝန်းမှာ ၄၉၀ စတုရန်းပေ မှ ၁၂၅၀ စတုရန်းပေ ကျယ်ဝန်းပြီး အသစ်ပြန်လည်ဆောက်လုပ်ရာတွင် ၁၁ ထပ်အမြင့်ဖြင့် ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit: Pyi Myanmar
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ