By ကေဇူး, Shweproperty.com
Updated at 4 February 2014
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အတွင်းစီစဉ်နေသည့် ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို ၂ဝ၁၄ နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ဒု-သမ္မတဦးဉာဏ်ထွန်းက ပြော ဆိုလိုက်ပြီဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် တာဝန်ရှိသူများက ရှင်းလင်းခဲ့သော အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ရှင်းလင်းချက်များတွင် ဒု-သမ္မတ ဦးဉာဏ် ထွန်းက ထည့်သွင်းရှင်းလင်းခဲ့ခြင်းဖြစ် သည်ဟု အထူးစီးပွားရေးဇုန် အကြံပေး အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးအောင် ကျော်သန်းက ဆိုသည်။
''ရင်းနှီးတည်ထောင်သူ ကုမ္ပဏီက အ ကောင်အထည်ဖော်တဲ့အဆင့်ပြီးရင် စီးပွား ရေးဇုန် အကောင်အထည်ဖော်တဲ့အဆင့် ကို ဆောင်ရွက်မှာပေါ့။ ဒါက အဆင့်ဆင့် ရေးဆွဲထားတဲ့ အစီအစဉ်ပါ''ဟု ဦးအောင် ကျော်သန်းက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများအဖြစ် နိုင်ငံ ပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီသုံးဆယ်ကျော် လျှောက်လွှာတင်ထားပြီး ယင်းကုမ္ပဏီများ စိစစ်ရွေးချယ်ခြင်းကို ၂ဝ၁၄ မေလမှ အောက်တိုဘာလအတွင်း ဆောင်ရွက်မည် ဖြစ်သည်။
''ဒု-သမ္မတကတော့ အထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်တဲ့နေရာမှာ ပွင့် လင်းမြင်သာစွာဆောင်ရွက်ဖို့ အဓိက တိုက်တွန်းသွားပါတယ်''ဟု ယင်းတွေ့ဆုံ ပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ ဒု-သမ္မတ ဦးဉာဏ်ထွန်းကို ကျောက် ဖြူအထူးစီးပွားရေးဇုန်တာဝန်ရှိသူများက စီးပွားရေးဇုန်နှင့်ပတ်သက်သည့် လုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပြီး ဒေသ အတွင်းမှ အစိုးရအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စက်မှု ဇုန်အတွင်းမှ ဒေသခံများနှင့် ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့နှင့် သုံးမိုင်ကျော်အကွာတွင် တည်ရှိပြီး အကောင်အထည်ဖော်ရေးတွင် အသုံးပြုမည့်မြေဧက ၁၉ဝဝ ကျော် ပါဝင် ဆောင်ရွက်ရန်ဟု ဒု-သမ္မတအား ရှင်းလင်း တင်ပြချက်တွင်ဖော်ပြထားသည်။ ယင်း ဧရိယာတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တွေနှင့် စည်မော် ကျေးရွာနှစ်ရွာ ပါဝင် ပြီး အိမ်ထောင်စု ၃၉ဝ ရှိသည်။
ယင်း စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ အထူး စီးပွားရေးဇုန်နှင့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက အလုပ်အကိုင် အခွင့်အ လမ်းနှင့် ဒေသခံများ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက် မှုကို ထိန်းသိမ်းရေး၊ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ရေရှည် တည်တံ့ဖွံ့ဖြိုးမှုရှိခြင်း၊ ဒေသခံစောင့်ကြည့် လေ့လာရေးအဖွဲ့များ လေ့လာခွင့်ရရှိရေး တို့ကို ဒေသခံများက လိုလားကြသည်ဟု ဒု-သမ္မတကို ရှင်းလင်တင်ပြရာတွင် ထည့် သွင်းရှင်းလင်းခဲ့သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ