By Democracy Daily, Shweproperty.com
Updated at 26 June 2015
ရခိုင်ပြည် နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ပါက စီးပွားရေးဖွံ့ဖြိုးမှု နှင့် မြို့အချက်အချာကျရာ နေရာ ဖြစ် လာမည့် ဂုံးချွိန်ကျေးရွာ ဧရိယာ အတွင်းရှိ အိမ်ခြံမြေဈေးများမှာ ဝယ်ယူလိုသူများလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာကြောင်းအဆိုပါကျေးရွာရှိ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
”မြို့ပေါ်မှာ အိမ်ခြံမြေဈေး အ ကျဘက်ရောက်နေပေမယ့် ဒီမှာမြေ ဈေး၊ ခြံဈေးတွေ အရောင်းအဝယ် ကောင်းပြီး ဈေးတက်လာတယ်။ အ ခုနှစ်နွေရာသီကပဲ ခြံမြေတစ်ကွက် ပေ ၄၀*၆၀ ကို ငွေကျပ် သိန်း ၄၀ ကနေ ငွေကျပ် သိန်း ၇၀ ဝန်းကျင် ထိရှိခဲ့တာ။မိုးတွင်းဆိုပေမယ့် အ ခုလက်ရှိမှာတော့ အနိမ့်ဆုံး ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၈၀၊ ၁၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်” ဟု ဂုံးချွိန်ကျေးရွာရှိ အိမ်ခြံမြေအ ကျိုးဆောင်လုပ်ကိုင်သူ ဦးအေးထွန်း က ပြောသည်။
ဂုံးချွိန်ကျေးရွာမှာ ကျောက်ဖြူ-တောင်ကုတ်-ရန်ကုန်ကား လမ်းဘေး ကျောက်ဖြူ မြို့နှင့် ခုနစ်မိုင်အကွာ တွင်ရှိပြီး ကျောက်ဖြူမြို့နှင့် ကျောက် ဖြူအထူးစီးပွားရေး ဇုန်အလယ်တွင် တည်ရှိကာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ၍ ပင်လယ်ကမ်းခြေ အနီးဟိုတယ် နှင့် အပန်းဖြေလုပ်ငန်းများဖော်ဆောင် မည်ဖြစ်ကြောင်း သိရသည်။ ”စီးပွားရေးသမားတွေ စိတ်ဝင် စားနေတာကြောင့် ဈေးမြင့်တက်လာ မယ်ထင်တယ်”ဟု ဂုံးချွိန်ကျေးရွာမှ ဒေသခံ ဦးလှအောင်က ပြောသည်။
အဆိုပါကျွေးရွာရှိ ခြံမြေများ ကို ကျောက်ဖြူမြို့နှင့် အခြားဒေသ များမှ စီပွားရေးကျွမ်းကျင်သူများက ရင်းနှီးမြှုပ်နှံရန်အတွက်ဝယ်ယူနေ ကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်မိုးတွင်းကာလအတွင်း ဒေသခံတောင်သူများအပါအဝင် ဒေ သခံတချို့မှာ ငွေလိုအပ်နေခြင်းများကြောင့် အိမ်ခြံမြေများ ရောင်းချမှု၊ပေါင်နှံမှုများ လုပ်ဆောင်နေကြ ကြောင်းသိရသည်။ Ref : Democracy Daily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ