By The Modern, Shweproperty.com
Updated at 22 June 2015
လူမှုဖူလုံရေးအိမ်ရာစီမံကိန်းက အလုပ်သမားတွေ အတွက် အိမ်ရာပိုင်ဆိုင်ခွင့်ရမယ့် မျှော်လင့်ချက်ဖြစ် တာကြောင့် တကယ်ထိရောက်မှု ရှိဖို့တော့ လိုအပ်တယ်လို့သိရပါတယ်။
ပြည်ပနိုင်ငံတွေမှာလည်း အိမ်ရာဆောက်လုပ်ပေးတဲ့ အဖွဲ့အစည်းကဆောက်ပေးတယ်။ ပြီးရင် လူမှုဖူလုံရေးကို ဦးစားပေးရောင်းပေးတယ်။ သည်မှာလည်း လူမှုဖူလုံရေး အာမခံကြေးလုပ်ထားတဲ့ သူတိုင်းခံစားခွင့်ရမှာဆိုရင်ကောင်းပါတယ်လို့ ပြောပါတယ်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး အငြိမ်းစားဦးမြင့်မိုရ်ဆွေက “စင်ကာပူ၊ မလေးတို့မှာလဲ လူမှုဖူလုံရေးက အလုပ်သမားတွေအတွက် အိမ်ရာတွေပေးတယ်၊ အိန္ဒိယမှာဆိုလဲ စစ်တပ်တွေက သူတွေအတွက်ဆိုပြီးဆောက်ပေးတဲ့ အိမ်ရာတွေရှိတယ်” လို့ပြောပါတယ်။
လူမှုဖူလုံရေးအိမ်ရာစီမံကိန်းဆောက်လုပ်ဖို့အတွက် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေကိုမြေ (၂၈)ဧကတောင်းခံထားတယ်လို့ သိရပါတယ်။ အိမ်ရာစီမံကိန်းစတင်တဲ့အခါ ဦးစားပေးအဖြစ် လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာဆောက်လုပ်ဖို့ ဖြစ်ပါတယ်။
အိမ်ရာစီမံကိန်းမှာ အလုပ်သမားတွေအတွက် လူ (၁၀) ဦးခန့် နေထိုင်နိုင်တဲ့ အခန်းပေါင်း (၃၀) စီပါဝင် တဲ့ အဆောက်အအုံ (၅၅) လုံးကိုပထမစီမံကိန်းအဖြစ် အကောက်အထည်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။
အငှားချအိမ်ရာလိုမျိုးနေထိုင်ဖို့အတွက် တစ်လကိုအလုပ်သမားတစ်ဦးအတွက် ကျပ် (၁၂,၀၀၀) ကောက်ခံမှာ ဖြစ်ပါတယ်။ ငှာရမ်းတဲ့အခါမှာလည်း အလုပ်သမားတွေအတွက် အလုပ်ရှင်က အဆိုပြုလွှာတင်သွင်းရမှာပါ။ သည်စီမံကိန်းအတွက် အလုပ်ရှင်နဲ့အမ်အိုယူရေးထိုးပြီး ဆောက်လုပ်ရာမှာ ဖြစ်တယ်လို့ အလုပ်သမားအလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ