By 7 Day Daily, Shweproperty.com
Updated at 17 August 2017
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)နှင့် ကွန်ဒိုတိုက်ခန်းများကို အာမခံအပေါင်ထား၍ ငွေချေး ပေးနိုင်မည့်ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပေးရန် ဘဏ်လုပ်ငန်းရှင်များက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သြဂုတ် ၁၅ ရက်တွေ့ဆုံပွဲတွင် တင်ပြ ခဲ့ကြောင်း အသေးစားနှင့်အလတ်စားဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောသည်။
‘‘ပထမဆုံးတွေ့ဆုံချိန်မှာ အစိုးရဘက်ကလည်း ဖြေလျှော့မှုတွေပေးဖို့၊ ဘဏ်လုပ်ငန်းရှင်တွေဘက် ကလည်း လိုအပ်ချက်တွေကို တင်ပြနိုင်ခဲ့ပါတယ်’’ဟု ဒေါက် တာ ဇေယျာညွန့်က ပြောကြားသည်။
ဘဏ်လုပ်ငန်းရှင်များဘက် က ချေးငွေသက်တမ်းနှင့် ပတ် သက်၍ လက်ရှိ သတ်မှတ်ထား သည့်တစ်နှစ်အစား သုံးနှစ် (သို့မ ဟုတ်)ငါးနှစ် သတ်မှတ်ပေးရန် တင်ပြကြသည်ဟု ၎င်းက ပြော သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ် များဆွေးနွေးရန် ပြည်တွင်းပုဂ္ဂလိ ကဘဏ် ၂၂ ခုမှ ဥက္ကဋ္ဌများကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနတွင် တွေ့ဆုံရန် ဖိတ်စာများ ပေးပို့ခဲ့သည်။
ဖိတ်စာတွင် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများကိုယ်တိုင်တက်ရောက်ရန်နှင့် ကိုယ်တိုင် မတက်ရောက်နိုင်ပါက ကိုယ်စား စေလွှတ်ရန် မလိုဟုလည်း ထည့်သွင်းဖော်ပြထားသည်။မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌများသည် နိုင်ငံအချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်အများစု ဖြစ်၍ နိုင်ငံ့စီးပွားရေးအတွက် ဆုံးဖြတ်နိုင်သူများဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောကြားသည်။
ထို့အပြင် တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို တရားဝင် အ သေးစိတ်မထုတ်ပြန်သော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ် ဆောင်ပေးနိုင်ရန် တွန်းအားပေး ခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က သုံး သပ်ကြသည်။
ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများသည် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များဖြစ်သောကြောင့် ယခုကဲ့သို့တွေ့ဆုံခြင်းသည် စီးပွားရေးတိုးတက်ရန် လိုအပ်ချက်များကို တင်ပြခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌတစ်ဦးက ပြည်ပအခြေစိုက် သတင်းမီဒီယာ တစ်ခုအား ဖြေကြားထားသည်။
တွေ့ဆုံပွဲနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ‘‘တင်ပြတဲ့အချက်တွေက ဘဏ်နဲ့ ပတ်သက်တဲ့ စီးပွားရေးကိစ္စတွေ။ ဒါကို နိုင်ငံတော်ဘက်က တတ် နိုင်တာတွေ၊ လုပ်သင့်လုပ်ထိုက် တာ ကူညီပေးမယ်။ ဘဏ်တွေ ဘက်လည်း အခက်အခဲတွေ တင်ပြခဲ့ကြတယ်’’ ဟု ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များ ပထမဆုံးအကြိမ် တွေ့ဆုံ ခြင်းအပေါ် အစည်းအဝေးတက် ရောက်ခဲ့သည့် ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌများက အားရကျေနပ်မှုရှိ ကြောင်း ဒေါက်တာဇေယျာညွန့်က ပြောသည်။
ထိုတွေ့ဆုံပွဲသို့ ဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်း၊ ဦးချစ်ခိုင်၊ ဦးဇော်ဇော်၊ ဦးနေအောင်၊ ဦးကျော်ဝင်း အပါအဝင် ဘဏ် လုပ်ငန်းရှင် ၂၂ ဦး တက်ရောက်ခဲ့ပြီး မကြာမီက ခန့်အပ်ခဲ့သည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးမင်းသူတို့ တက် ရောက်ခဲ့သည်။
‘‘ဘဏ်လုပ်ငန်းရှင်တွေနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့တွေ့တာ ကောင်းပါတယ်။ စီးပွားရေးဖွံ့ဖြိုး ရေးလုပ်မယ်ဆိုပြီး ဘဏ်လုပ်ငန်း တွေကို လှည့်မကြည့်ဘဲ ပစ်ထား လို့ မရဘူး။ စီးပွားရေးလုပ်ငန်း တိုင်းအတွက် ဘဏ်လုပ်ငန်းက အခြေခံပါပဲ။ စီးပွားရေးကို အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ကိုယ် တိုင် ကြီးကြပ်နေပြီဆိုတော့ အခု လို အခြေခံဖြစ်တဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်တွေ့တာ ကောင်း ပါတယ်’’ဟု NLD ပါတီစီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောသည်။
Ref : 7 Day Daily
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ