By Burmar Daily, Shweproperty.com
Updated at 25 March 2019
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ အငှားနှင့် အရောင်းအဝယ်ဈေးကွက် ရာခိုင်နှုန်း ၄၀ ခန့်အထိ ကျဆင်းနေပြီး ကျပ်သိန်း ၁၀၀၀ အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ် ဖြစ်နေကြောင်း မတ် ၂၃ ရက်က UMFCCI တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း သတ္တမအကြိမ်မြောက် အသင်းသားစုံညီ သင်းလုံးကျွတ် အစည်းအဝေး အခမ်းအနားမှ သိရသည်။
“အငှားဈေးကွက်က အရမ်းကျသွားတယ်။ ရာခိုင်နှုန်း ၄၀ လောက် အခန်းဈေးတွေ လျော့သွားတယ်။ အရင် ၁၀ သိန်းနဲ့ ငှားနေတဲ့အခန်း ဆို ငါးသိန်း၊ ခြောက်သိန်း။ အဲဒီ လောက်အနေအထားတွေပဲရှိတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ကွန်ဒိုမီနီယံက တစ်စတုရန်းပေကို အမေရိကန် ဒေါ်လာ ၁၀၀ ကနေပြီးတော့ ၄၀၀ အတွင်းပဲရှိတယ်။ ရန်ကုန်မှာ ရောင်းနေတာ။ မြေကတော့ ဘယ်နေရာပဲ ဖြစ်ဖြစ်လုံးချင်းတွေက ပြည်လမ်းမကြီးနားဆို ၄၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ပြည်လမ်းမပေါ်မှာ အရင် ၁၂ သိန်းခွဲလောက်ရှိတာ အခုဆိုရင် ရှစ်သိန်းခန့်လောက်ပဲ ရှိတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းက အရောင်းအဝယ် စတင်ကျဆင်း ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ် ဖြစ်နေသည်ဟု သိရသည်။လက်ရှိရန်ကုန်မြို့တွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ သာကေတမြို့နယ်များတွင် အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်မှုများကြောင်း သိရသည်။
“အိမ်ခြံမြေဈေးကွက်ကို ပြောရမယ်ဆိုရင် လက်ရှိက ၂၀၁၄ ခုနှစ် နောက်ပိုင်းကနေ ဒီနေ့အထိ အေးနေတယ်။ အဝယ်က ဘာတွေရှိ လဲဆိုရင် သိန်း ၁၀၀၀ အောက် တိုက်ခန်းတွေ အဝယ်အရမ်းသွက် တယ်။ ၃၀၀ တို့ ၅ဝဝတို့ ၇၀၀ တို့ ၁၀၀၀ အထိဆိုရင် မြေကွက်ရမယ်။ စမ်းချောင်းတို့၊ ကြည့်မြင်တိုင်တို့၊ တောင်ဥက္ကလာပတို့၊ သာကေတတို့ အဲဒီဘက်မှာများတယ်။ မရမ်းကုန်း များတယ်။ အရောင်းအဝယ် ဖြစ်တာ တွေများတယ်။ မြောက်ဥက္ကလာမှာ ရှိတဲ့ လုံးချင်းတွေ မြေကွက်တွေက ၄၀x၆၀ ဆို သိန်း ၇၀၀၊ ၈၀၀ ဆို အိမ်ပါတာတွေ ရွေးလို့ရတယ်။ သိန်း ၁၀၀၀ သိန်း ၁၂၀၀ မြေကွက် တွေ ၄၀x၆၀ နေရာကောင်းရင် ၂၀x၆၀ သိန်း ၁၅၀၀ အောက်တွေကတော့ အရောင်းအဝယ်သွက်တာ တွေ့ပါတယ်” ဟု ဦးခင်မောင်သန်းက ပြောကြားသည်။
ဒလမြို့နယ်တွင်လည်း တံတားဆောက်လုပ်သည့် အချိန်က အိမ်ခြံမြေဈေးများ ပေါက်ဈေးထက် ကျပ်သိန်းတစ်ထောင်ကျော် မြင့်တက်ခဲ့သော်လည်း လက်ရှိအချိန်တွင် မူလပေါက်ဈေးသို့ ပုံမှန်ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။
ဒလကတော့ တံတားဆောက်တုန်းက ၇ ရက် ၁၀ ရက်လောက်က ဈေးမေးမယ့်သူရှိတယ်။ သိန်း ၁၀၀၀ လောက်တက်သွားတယ်။ ၅၀၀၀ တန်တွေက ခြောက်ထောင်ဖြစ်တယ်။ ဝယ်တဲ့သူမရှိတဲ့ အခါကျတော့ သူ့ဈေးက သူ့ဈေးအတိုင်းပဲ ပြန်ပြီးအေးနေတယ်” ဟု ဦးခင်မောင်သန်းက ပြောကြားသည်။
Ref & Photo Credit : Burmar Daily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ