By 7daydaily, Shweproperty.com
Updated at 8 March 2016
ရန်ကုန်မြို့သစ်စီမံကိန်း ဝင် လယ်ပိုင်ရှင် လယ်သမားတစ် ဦးလျှင် တိုက်ခန်းတစ်ခန်းနှင့် ၄,၄၀၀ စတုရန်းပေအကျယ်မြေ နှစ်ကွက် လျော်ကြေးပေးရန် ကုမ္ပဏီနှင့် ညှိနှိုင်းမှုရရှိထားကြောင်း ရန်ကုန်အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သတင်းရရှိသည်။
‘‘လယ်သမားတွေအားလုံး အတွက် သူတို့ကို တိုက်ခန်းအ ခန်းပေါင်း တစ်သောင်းပေးမယ်၊ မြေ ၂၀ ရာခိုင်နှုန်းပေးမယ်ဆိုပြီး အကြိမ်ကြိမ် ညှိနှိုင်းမှုတွေ လုပ် ပြီး နောက်ဆုံးသဘောတူညီမှု တွေ ရယူထားပါပြီ’’ဟု ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်သန့်က ပြောသည်။
အဆိုပါလျော်ကြေးအတွက် လယ်သမားများ သဘောတူညီမှု ရှိ၊ မရှိကို ကျေးရွာပေါင်း ၂၁ ရွာမှ လယ်သမားများထံ သွားရောက် ညှိနှိုင်း သဘောတူလက်မှတ်ရေး ထိုးခဲ့ပြီး ကုမ္ပဏီနှင့်ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အချို့လယ်မြေများသည် ဈေးကစားလိုသူများ လက်ထဲသို့ ရောင်းချပြီးဖြစ်ပါက တိုက်ခန်းရရှိမည် မဟုတ်ဘဲ အစားပြန်ပေး သည့် မြေကွက်သာ ရရှိမည်ဖြစ် ကြောင်း ဦးခင်မောင်သန့်က ပြောကြားသည်။
‘‘ကျွန်တော်တို့က ဒေသခံ တွေအတွက် ရသလောက်ကုမ္ပဏီတွေဆီက ညှိတယ်။ သူတို့က လယ်မြေတွေကို ပေါက်ဈေးနဲ့ ဝင်ဝယ် မယ်ဆိုပြီးပြောလို့ တော်တော် လေးကို အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရ တာ’’ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်မည့် မြေနေရာအများ စုတွင် လယ်စိုက်ရာ၌ မဖြစ်ထွန်း ဘဲ အောင်မြင်မှုနည်းပါးသော ကြောင့် လယ်သမားရှားပါးနေပြီး အများစုက လယ်မြေများရောင်း ချပြီးဖြစ်ကြောင်း တမာတကော ကျေးရွာသား ဦးဟိန်းလတ်က ပြောသည်။
လက်ရှိတွင် အဆိုပါဒေသ၌ လယ်တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ မှ သိန်း ၃၀၀ အထိ ပေါက်ဈေးရှိနေပြီး စီမံကိန်းရပ်တန့်စဉ်က ယုံကြည်မှုလျော့နည်းသဖြင့် လာရောက်ဝယ်ယူသူ လွန်စွာနည်းပါးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းစီမံကိန်းတွင် လုပ်ကိုင် ခွင့်ရသည့် ကုမ္ပဏီသုံးခုက ရန် ကုန်နှင့် လမ်းပန်းဆက်သွယ်ရေး မြန်ဆန်စေရန် တံတားငါးစင်းနှင့် လူနေတိုက်ခန်းသုံးသောင်းကျော် ပါဝင်မည်ဖြစ်ပြီး စီမံကိန်း၏ ရုပ် လုံးပေါ်ရန် ဆယ်နှစ်ခန့် အချိန်ယူ တည်ဆောက်ရမည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခန့်မှန်းထားသည်။
၂၀၁၄ က ရန်ကုန်မြို့တော် ဝန်ကိုယ်တိုင် တင်ပြခဲ့သည့် ရန် ကုန်မြို့သစ်စီမံကိန်းသည် ပွင့် လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများ ကြောင့် ရပ်ဆိုင်းခဲ့သည်။
Ref : 7daydaily
Photo Credit : shwesathtagan
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ