By Social Media, Shweproperty.com
Updated at 23 April 2019
နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ပြန်လည်ဖော်ထုတ်ကာ မြို့ရွာစီမံချက်အဖြစ် စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရေး အဆိုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထောက်ခံကာ ပြည်သူ့လွှတ်တော်က ယမန်နေ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
တိုင်းပြည်၏ လူဦးရေတိုးပွားလာသည်နှင့်အမျှ နေထိုင်စရာ အခက်အခဲဖြစ်လာပြီး ကျူးကျော်နေထိုင်မှုများ တစ်နေ့တခြားများပြားလာသည့် ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သဖြင့် ယင်းကဲ့သို့ နေရာချပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုတင်သွင်းခဲ့သည်။
စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့ပြကျေးရွာများအဖြစ် ဖော်ဆောင်ပေးခြင်းဖြင့် ယင်းမြေများကို အသုံးပြုကာ ကိုယ်ကျိုးရှာနေသည့် စီးပွားရေးသမားများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။
အချို့စီးပွားရေးလုပ်ငန်းရှင်များသည် မြေလွတ်၊ မြေလပ်များပေါ်တွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည်ဆိုကာ လက်တွေ့၌ မည်သည့်လုပ်ငန်းမျှ မလုပ်ဘဲ ဦးထားကာ စီးပွားရေးအရ အမြတ်ထုတ်နေသည်များရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း နှစ်သန်းကျော် ရှိပြီး ယင်းအနက် အချို့ကို စီမံကိန်းများဆောင်ရွက်ရန် ချပေးထားသည်။ စီမံကိန်းဆောင်ရွက်ရန် ချပေးထားသည့်အထဲမှ သတ်မှတ်ကာလ လေးနှစ်အတွင်း ဆောင်ရွက်ခြင်း မရှိသည့် မြေယာများကို ပြန်လည်သိမ်းယူခဲ့ရာ လက်ရှိတွင် မြေဧက ကိုးသောင်းကျော် သိမ်းယူပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။
ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ