By Myanmar Builders Guide, Shweproperty.com
Updated at 28 November 2019
#Unicode
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် ၂၅ နေရာ ရောင်းမည်ရန်ကုန်၊ ပဲခူးနှင့် မန္တ လေးတိုင်းရှိ မြေနှင့် အဆောက် အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစု ပေါင်း ၂၅ နေရာကို ရောင်းချမည် ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော် မရှင်က ကြေညာချက်ထုတ်ပြန်ထားသည်။
ရောင်းချမည့်နေရာများ၏ အကျယ်အဝန်း၊ လက်ရှိ မြေပြင် အနေအထား ဓာတ်ပုံတို့ကို စီမံ ကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီ ရင်ခံရေးဦးစီးဌာန ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
ဝယ်ယူလိုသူများသည် စီမံ ကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီ ရင်ခံရေး ဦးစီးဌာနရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ လာ ရောက်တင်သွင်းရမည်ဖြစ်ပြီး ဝယ်ယူလိုသည့် နေရာတစ်ခုချင်း အလိုက် သီးခြားအဆိုပြုလွှာတစ် စောင်စီ ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ် သည်။
မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များကို သွားရောက်ကြည့်ရှုနိုင်ပြီး ဝယ်ယူ မည့် အဆိုပြုလွှာတင်သွင်းပါက ကြည့်ရှုစစ်ဆေးပြီးဖြစ်ကြောင်း ခံဝန်ဖြင့် ပူးတွဲတင်ပြရမည်ဖြစ် သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရှိ ပုလဲကွန်ဒိုမှ တိုက်ခန်းငါးခန်း၊ ပန်းဘဲတန်းနှင့် စမ်းချောင်းမြို့ နယ်ရှိ တိုက်ခန်းသုံးခန်း၊ လှိုင်သာ ယာ၊ ရွှေပြည်သာ၊ တောင်ဥက္က လာပနှင့် ဒဂုံ (အရှေ့)မြို့နယ်များ တွင် မြေနှင့် အဆောက်အအုံတွဲ လျက်နှင့် မြေသီးသန့် ၁၀ နေရာ ရောင်းချမည့် တင်ဒါ၌ ပါဝင်သည်။
မန္တလေးတိုင်း ချမ်းအေးသာ စံ၊ မိုးကုတ်နှင့် ပြည်ကြီးတံခွန်မြို့ နယ်များရှိ မြေနှင့် အဆောက် အအုံ၊ တိုက်ခန်း၊ မြေကွက် စုစု ပေါင်း ငါးနေရာ၊ ပဲခူးတိုင်း ညောင်လေးပင်နှင့် တောင်ငူမြို့ရှိ မြေညီ ထပ် အခန်းတစ်ခန်းနှင့် မြေကွက် တစ်ကွက် ပါဝင်သည်။
ဒုသမ္မတ ဦးမြင့်ဆွေ ဦး ဆောင်သည့် ပုဂ္ဂလိကပိုင် ပြုလုပ် ရေးကော်မရှင်ကို ၂၀၁၆ မေလ က ဖွဲ့စည်းပြီး နှစ်စဉ် နိုင်ငံပိုင် အဆောက်အအုံများနှင့် ပြည်သူ ပိုင် သိမ်းယူခဲ့သည့် မြေနှင့် တိုက် ခန်းများ ရောင်းချရန် လေလံ ခေါ်ယူပြီး ၂၀၁၇ က ၁၉ နေရာ၊ ၂၀၁၈ က ၁၇ နေရာကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချခဲ့သည်။
#Zawgyi
ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္ ေျမႏွင့္အေဆာက္အအုံ၊ တိုက္ခန္းႏွင့္ ေျမကြက္ ၂၅ ေနရာ ေရာင္းမည္ရန္ကုန္၊ ပဲခူးႏွင့္ မႏၲ ေလးတိုင္းရွိ ေျမႏွင့္ အေဆာက္ အအုံ၊ တိုက္ခန္းႏွင့္ ေျမကြက္ စုစု ေပါင္း ၂၅ ေနရာကို ေရာင္းခ်မည္ ဟု ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္ မရွင္က ေၾကညာခ်က္ထုတ္ျပန္ထားသည္။
ေရာင္းခ်မည့္ေနရာမ်ား၏ အက်ယ္အဝန္း၊ လက္ရွိ ေျမျပင္ အေနအထား ဓာတ္ပုံတို႔ကို စီမံ ကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီ ရင္ခံေရးဦးစီးဌာန ဝက္ဘ္ဆိုက္ တြင္ ေဖာ္ျပထားသည္။
ဝယ္ယူလိုသူမ်ားသည္ စီမံ ကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီ ရင္ခံေရး ဦးစီးဌာနရွိ ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္႐ုံးသို႔ လာ ေရာက္တင္သြင္းရမည္ျဖစ္ၿပီး ဝယ္ယူလိုသည့္ ေနရာတစ္ခုခ်င္း အလိုက္ သီးျခားအဆိုျပဳလႊာတစ္ ေစာင္စီ ဒီဇင္ဘာ ၁၉ ရက္ ေနာက္ဆုံးထားေလွ်ာက္ထားရမည္ျဖစ္ သည္။
ေျမႏွင့္ အေဆာက္အအုံ၊ တိုက္ခန္းႏွင့္ ေျမကြက္မ်ားကို သြားေရာက္ၾကည့္ရႈႏိုင္ၿပီး ဝယ္ယူ မည့္ အဆိုျပဳလႊာတင္သြင္းပါက ၾကည့္ရႈစစ္ေဆးၿပီးျဖစ္ေၾကာင္း ခံဝန္ျဖင့္ ပူးတြဲတင္ျပရမည္ျဖစ္ သည္။
ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ရွိ ပုလဲကြန္ဒိုမွ တိုက္ခန္းငါးခန္း၊ ပန္းဘဲတန္းႏွင့္ စမ္းေခ်ာင္းၿမိဳ႕ နယ္ရွိ တိုက္ခန္းသုံးခန္း၊ လႈိင္သာ ယာ၊ ေ႐ႊျပည္သာ၊ ေတာင္ဥကၠ လာပႏွင့္ ဒဂုံ (အေရွ႕)ၿမိဳ႕နယ္မ်ား တြင္ ေျမႏွင့္ အေဆာက္အအုံတြဲ လ်က္ႏွင့္ ေျမသီးသန႔္ ၁၀ ေနရာ ေရာင္းခ်မည့္ တင္ဒါ၌ ပါဝင္သည္။
မႏၲေလးတိုင္း ခ်မ္းေအးသာ စံ၊ မိုးကုတ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕ နယ္မ်ားရွိ ေျမႏွင့္ အေဆာက္ အအုံ၊ တိုက္ခန္း၊ ေျမကြက္ စုစု ေပါင္း ငါးေနရာ၊ ပဲခူးတိုင္း ေညာင္ေလးပင္ႏွင့္ ေတာင္ငူၿမိဳ႕ရွိ ေျမညီ ထပ္ အခန္းတစ္ခန္းႏွင့္ ေျမကြက္ တစ္ကြက္ ပါဝင္သည္။
ဒုသမၼတ ဦးျမင့္ေဆြ ဦး ေဆာင္သည့္ ပုဂၢလိကပိုင္ ျပဳလုပ္ ေရးေကာ္မရွင္ကို ၂၀၁၆ ေမလ က ဖြဲ႕စည္းၿပီး ႏွစ္စဥ္ ႏိုင္ငံပိုင္ အေဆာက္အအုံမ်ားႏွင့္ ျပည္သူ ပိုင္ သိမ္းယူခဲ့သည့္ ေျမႏွင့္ တိုက္ ခန္းမ်ား ေရာင္းခ်ရန္ ေလလံ ေခၚယူၿပီး ၂၀၁၇ က ၁၉ ေနရာ၊ ၂၀၁၈ က ၁၇ ေနရာကို အိတ္ဖြင့္ တင္ဒါစနစ္ျဖင့္ ေရာင္းခ်ခဲ့သည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ