By The Modern, Shweproperty.com
Updated at 10 October 2016
အစိုးရ အကူးအပြောင်းကာလမှာ အများပြည်သူပိုင် မြေနေရာတွေကို လူပုဂ္ဂိုလ်နာမည်တွေနဲ့ မြေယာချထားပေးခဲ့တာတွေကို ပြန်လည်စစ်ဆေးတဲ့ အခါမှာ ကာလပေါက်ဈေး ကျပ်သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိတဲ့ မြေကို ၉၆ သိန်းနဲ့ ချထားပေးတာစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အစိုးရအကူး အပြောင်း ကာလ မြေယာစီစစ်ရေး အဖွဲ့က အဖွဲ့(၂) ခေါင်းဆောင်ဦးတင်အောင်က ပြောပါတယ်။
အစိုးရအလွဲအပြောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေယာတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ ချထားပေးခဲ့တယ်။ အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိခဲ့တာ ကြောင့် မြေယာစိစစ်ရေးအဖွဲ့ ကို အခုနှစ် သြဂုတ်လက စတင်ဖွဲ့ စည်းခဲ့တယ်။ စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။
ဦးတင်အောင်က စစ်ဆေးတဲ့ အခါမှာ ၂၉ ရက်၃လ ၂၀၁၆ မှာဆို တစ်ရက်တည်းနဲ့ အမှုတွဲပေါင်း ၂၄၀ လောက်ချထားပေးတာ တွေ့ရတယ်။ တစ်ရက်တည်းနဲ့ ငွေတွေ အများကြီး ဘဏ်ကိုသွင်းထားတာ တွေ့ရတယ်၊အံ့တောင်သြတယ်၊ဒီလောက်ငွေတွေကို ဘဏ်ကလဲလက်ခံနိုင် တယ် တချို့ဟာတွေကျတော့ လယ်ယာမြေတွေကို တခြားနည်းနဲ့ ပြောင်းပြီး စီမံကိန်းတွေလုပ်တယ်၊စီမံကိန်းတင်မကဘူး ဂရန်တွေပါထုတ်ပေးတဲ့ အနေအထားတွေကို တွေ့ရတယ်လို့ပြောပါတယ်။
မြေယာချထားပေးမှုတွေ စိစစ်တဲ့ ကိစ္စကို မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းက အမှုတွဲပေါင်း ၄၀၀ကျော်ကို စစ်ဆေးခဲ့ တာဖြစ် တယ်။ မြေယာချထားပေးခဲ့တဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူ ၁၀ ဦးခန့်ကို ခေါ်ယူမေးမြန်းပြီး ဖြစ်ပါတယ်။ လာမယ့် ၁၀ ရက်နေ့မှာတော့ မြေယာ ချထားပေးခြင်းခံရတဲ့သူ တွေထဲက ခြောက်ဦးကို ခေါ်ယူမေးမြန်းမှာပါ။
၂၀၀၀ တန်မြေကွက်ကို ၉၆ သိန်းပဲသွင်းရတော့ ဝင်ငွေခွန်ဖော်ပြထားတာရှိလားဆိုတော့ မရှိဘူးတဲ့ ၊ အဲဒီတော့ နိုင်ငံတော်အနေနဲ့ လဲ ဝင်ငွေခွန်မကောက်ရသလို မြေကွက်မှာ ရရှိရမယ့် အတိုင်းအတာတွေလဲ ဆုံးရှုံးရတာတွေ တွေ့ရှိရတယ်လို့ ဦးတင်အောင်ကပြောပါတယ်။
မြေယာစိစစ်တွေ့ရှိမှုတွေကို သုံးသပ်ချက်ရေးပြီး တိုင်းအစိုးရကို တင်ပြပြီးတာနဲ့ မန္တလေးတိုင်းအတွင်းက အခြားမြို့နယ်တွေမှာလည်း ဥပဒေနဲ့ မညီညွှတ်ဘဲ ရယူထားတာတွေ သွားရောက်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။
Posted By : Htet Mhuu
Photo Credit : mekong
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ