By The Kumudra, Shweproperty.com
Updated at 16 September 2015
မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်ရှိ အမည်ပေါက်မြေကွက် တစ်ကွက်ကို စာချုပ်စာတမ်း ပြုလုပ်ပြီး ကျပ်သိန်း (၃၀၀) နဲ့ ပေါင်နှံ၊ ရောင်းချပြုလုပ်သူလို့ ယူဆရသူ (၆) ဦး ကိုဖမ်းဆီး စစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်ရှိ အမည်ပေါက်မြေကွက်တစ်ကွက်ကို အမျိုးသမီး (၄) ဦးနဲ့ အမျိုးသား (၂) ဦး တို့ပါဝင်တဲံ လူတစ်စုက ရောင်းချ၊ ပေါင်နှံတာတွေ ပြုလုပ်နေကြောင်း သိရှိတာကြောင့် အဲသည်လူတစ်စုနဲ့ မြေကွက်ပိုင်ရှင်တို့ တွေ့ဆုံ ချိန်းဆိုခဲ့ပါတယ်။
တွေဆုံချိန်မှာ မြေကွက်ပိုင်ရှင် အမျိုးသားမှာရှိတဲ့ မြေကွက်မူရင်း စာရွက်စာတမ်းတွေနဲ့ အဲသည်လူတစ်စုမှာ ရှိတဲ့ မိတ္တူကူးယူခဲ့တဲ့ စာရွက်စာတမ်းတွေကို တိုက်ဆိုင်စစ်ဆေးရာမှာ ပြေစာနံပါတ်လွဲမှားနေတာ၊ မြေနေရာ ချထားပေးတဲ့ အကြောင်းကြားစာမှာလည်း ဘဏ်ချလန် ရေသွင်းထားတဲ့ မှတ်တမ်းပါရှိရမှာ ဖြစ်ပေမဲ့လဲ မပါရှိတာတွေကို စစ်ဆေးတွေ့ရှိရတာ ဖြစ်ပါတယ်။
လိမ်လည်အတုပြုလုပ်ထားတဲ့ မြေကွက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကို အစစ်အမှန် အနေနဲ့ သုံးစွဲဖို့ အကြံအစည် နဲ့ငွေကျပ်သိန်း (၃၀၀) နဲ့ ပေါင်နှံ၊ ရောင်းချပြုလုပ်တာကိုလည်း တွေရရှိရတာ ဖြစ်ပါတယ်။
အမည်ပေါက်မြေကွက်ကို စာချုပ်စာတမ်းအတု ပြုလုပ်ပြီး ငွေကျပ်သိန်း (၃၀၀) နဲ့ ပေါင်နှံရောင်းချပြုလုပ်သူလို့ ယူဆရတဲ့ လူ(၆) ဦးကို အောင်ပင်လယ် နယ်မြေရဲစခန်းက (ပ)၂၄၄/၂၀၁၅ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ