By Myanmar Times, Shweproperty.com
Updated at 31 December 2015
မြန်မာနိုင်ငံတွင် အိမ်နှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ မူဝါဒများ တိတိကျကျ ပြဋ္ဌာန်းနိုင်မှသာ လက်ရှိဈေးကွက်ကျဆင်းနေသည့် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ကောင်း မွန်လာနိုင်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း နာယက က ပြောသည်။
"၁၉၉၇ မှာ ထိုင်းနိုင်ငံကစခဲ့တဲ့ ငွေကြေးအကျပ်အတည်းဖြစ်တော့ အဆောက်အအုံ ပိုင်ရှင်တွေ ပြဿနာတက်ကုန်တယ်။ အစိုးရ က ဥပဒေ ချက်ချင်း ပြန်ပြင်ပေးလိုက်တယ်၊ ငွေကြေးအကျပ် အတည်း မဖြစ်ခင်တုန်းက အဆောက်အအုံတွေကို ၄၅ ရာခိုင်နှုန်းအထိ ပဲ ရောင်းခွင့်ပေး ထားရာကနေ ချက်ချင်း ၈၀ ရာခိုင်နှုန်းအထိ မြုင့်ပေးလိုက်တယ်။ ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်တို့က လာဝယ်လိုက် တာ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွေ ခြောက်လအတွင်း အဆင်ပြေသွားတယ်။ ဒေါ်လာတွေ အများကြီးဝင်လာလို့ နိုင်ငံ စီးပွားရေးလည်း ပြန်တက် သွားတယ်။ မူဝါဒ တွေ ချက်ချင်း ပြင်နိုင်ရမယ်၊ ထိုင်းကိုဥပမာယူရမယ် " ဟု ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်ရွှေကပြောသည်။
ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ငွေကြေး အကျပ်အတည်းကြောင့် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝယ်ယူ ရင်းနှီးမြှုပ်နှံလိုသူ မရှိသလောက်ဖြစ်ခဲ့သည့် အနေအထား၌ နိုင်ငံခြား သားများ ကွန်ဒို တိုက်ခန်းဝယ်ယူနိုင်သည့် ပမာဏကို ချက် ချင်းတိုးမြှင့် ခွင့်ပြုပေးခဲ့သည့်အပြင် မြေယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ဖြေလျှော့မှု များကိုလည်း ထိုင်းအစိုးရက အမြန်ဆုံး ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် အပြီးသတ် အတည်ပြုရန် ဆွေးနွေးနေဆဲဖြစ်သည့် ကွန်ဒိုမီနီယံဥပဒေ (စုပေါင်းပိုင် အဆောက် အအုံဥပဒေမူကြမ်း) အရ ကွန်ဒိုတိုက်ခန်းများ တွင် အခန်းပိုင်ရှင်များသည် အဆောက်အအုံ ၏ မြေနေရာကို အချိုးကျပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်ပြီး နိုင်ငံခြားသားများကိုလည်း ရာခိုင်နှုန်း အလိုက် တရားဝင်ဝယ်ယူခွင့်ပြုထားသည်။ သို့သော် တည်ဆဲဥပဒေတစ်ခုဖြစ်သည့် ၁၉၈၇ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် မရွှေ့မပြောင်းနိုင် သည့်ပစ္စည်း လွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေ အရ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့် ကို တားဆီးကန့်သတ်ထားဆဲဖြစ်သည်။
"ထိုင်းမှာ ပြသနာဖြစ်တုန်းက အိမ်ရာ မူဝါဒတွေ ချက်ချင်း ပြင်လိုက်ပြီး နိုင်ငံခြားသား ပိုင်ဆိုင် ခွင့်ရာခိုင်နှုန်းကို တိုးပေးလိုက်တာ တော်တော် အဆင်ပြေသွားတယ်။ ရာခိုင်နှုန်းလည်း တိုးလိုက်သလို၊ အထပ်သတ်မှတ်ချက်တွေလည်း ပြင်လိုက်တယ်။ မြန်မာပြည်မှာ ကျတော့ ကွန်ဒိုဥပဒေက မထွတ်နိုင်သေးတဲ့ အပြင် မြေယာပိုင်ဆိုင်မှု ဥပဒေနဲ့လည်း ငြိနေတော့ တိုးလိုးတန်းလန်းဖြစ်နေလို့ အခုမှ ပြင်ဖို့လုပ်နေတယ်။ ထိုင်းမှာ ကွန်ဒိုပိုင်ရင် မြေပိုင်တဲ့ အတွက် နိုင်ငံခြားသားကိုလည်း အချိုးအဆအလိုက် မြေပိုင်ခွင့်ပေးထား တယ်။ ပိုင်ဆိုင်မှု လည်းသေချာတော့ ထိုင်း အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ နလန်ထူလာသလို ငွေရေးကြေးရေး ပြဿနာ တွေကိုလည်း အတိုင်းအတာတစ်ခုထိ ပြေလည် သွားစေခဲ့တယ်။ အဓိကတော့ အိမ်ရာပိုင်ဆိုင် မှုနဲ့ မြေယာမူဝါဒကို တိတိကျကျ ချမှတ်နိုင်ဖို့ ပဲ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ သစ်စီမံကိန်း ရပ်ဆိုင်းခဲ့သည့်နည်းတူ ရွှေတိဂုံ ဘုရားအနီးက ဆောက်လုပ်ရေးစီမံကိန်းငါးခု လည်း ပြီးခဲ့သည့်နှစ်တွင် ရပ်ဆိုင်းခဲ့ရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မြေယာ ပြဿနာများနှင့် အိမ်ခြံမြေလောကအတွင်းဖြစ်ပေါ်ခဲ့သော လိမ်လည်မှုများကြောင့် အိမ်ခြံမြေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ယုံကြည်မှု ကျဆင်းလာ သကဲ့သု့ိ ရွေးကောက်ပွဲ အခြေအနေ၊ အာဏာလွှဲပြောင်းမှု အခြေအနေ၊ အစိုးရသစ်လက်ထက် ဖြစ်ပေါ်လာ နိုင်သည့် အိမ်ခြံမြေဆိုင်ရာမူဝါဒသစ်များ ကို ရင်းနှီးမြုပ်နှံသူများမှ စောင့်ကြည့်နေဆဲ ကာလဖြစ်သည့်အတွက် လက်ရှိ အိမ်ခြံမြေ ဈေးကွက်မှာ အမှန်တကယ် နေထိုင်လိုသူ အချို့၏ ဝယ်ယူမှုကလွဲ၍ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝယ်ယူသူ မရှိဘဲ အရောင်း အဝယ်အေးလျက်ရှိနေသည်။ "နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲလည်း ပြီးသွားပြီဆိုတော့ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာစောင့်ကြည့်နေကြတယ်။ ရွေးကောက်ပွဲ ရလဒ်လည်း ထွက်ပြီးဖြစ်ပေမယ့် အဲဒီ ရလဒ်ကို ဖော်ဆောင်ရမယ့် အစိုးရအပြောင်းအလဲဆိုတာ အခု အချိန်ထိဆိုရင် ကြားကာလ မှာပဲ ရှိသေးတော့ ဘယ်သူမှ သေသေချာချာ မမှန်းဆနိုင်သေးလို့ အဝယ်တွေက စောင့် ကြည့်နေတာလည်းပါတယ်။ နောက်တက် လာမယ့် အစိုးရဘာလုပ်မလဲ ဆိုတာ အားလုံး က စောင့်ကြည့်နေတယ်။ သူတို့လုပ်မယ့် မြေယာဥပဒေ၊ ကွန်ဒိုဥပဒေတွေအပြင် အိုးအိမ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေအပေါ်မှာ မူတည်ပြီးက ဈေးကွက်က အပြောင်းအလဲ ဖြစ်နိုင်တယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
Ref : Myanmar Times
Photo Credit : Tour Yangon
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ