By Sint Sint, Shweproperty.com
Updated at 23 December 2020
ရန်ကုန်-မန္တလေး အမြန်လမ်းဖောက်လုပ်ရာတွင် လယ်ယာမြေသိမ်းဆည်းခံခဲ့ရသည့် တောင်သူများအတွက် နစ်နာကြေး ကျပ်သိန်း ၃၀၀ကျော်ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒီဇင်ဘာ ၂၂ရက်က ပြုလုပ်ခဲ့သည်။ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က"ဥတ္တရသီရိမြို့နယ်ထဲမှာဆိုရင် ၂ကြိမ်ပေးပြီးသွားပြီပေါ့။ ဒါ ဒီတကြိမ်ထပ်ပြီးတော့မှ ကျွန်တော်တို့ လယ်စစ်ရဲ့အောင်မြင်မှုပေါ့"ဟုပြောသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းဖောက်လုပ်စဉ်က မြေသိမ်းဆည်းခံခဲ့ရသည့် တောင်သူများအတွက် အဆင့်ဆင့်ပြန်လည်စိစစ်ပြီး လုပ်ငန်းပြီးပြတ်သော လယ်/ယာမြေများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လျော်ကြေးငွေများပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တောင်သူ ၂၁ဦးအတွက် လယ်တဧကလျှင် ကျပ် ၁၀သိန်း၊ ယာတဧကလျှင် ကျပ် ၂သိန်းခွဲ နှုန်းဖြင့် လယ်/ယာမြေစုစု ပေါင်း ၉၈ဒသမ၆ဧက အတွက် ကျပ်၃၁၉သိန်းကျော် ပေးအပ်ခဲ့သည်။ ထို့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှုများအပေါ် အဆင့်ဆင့်စိစစ်ပြီးနောက် နေပြည်တော် လယ်စစ်အထိရောက်နေသော အမှုတွဲများရှိကြောင်း၊ အဆိုပါအမှုတွဲများနှင့်ပတ်သတ်ပြီး လျော်ကြေး ငွေများ ထပ်မံပေးအပ်ရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။ နောက်ဆုံးရ သတင်းများ သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ ကိုရီးယား၊ ထိုင်း၊ စင်ကာပူတို့နှင့် ဖက်စပ်စီးပွားရေးဇုန်များ ဆက်အကောင်အထည်ဖော်မည်ဟုဆို စက်ရုံလုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည့် ထန်းတပင်စက်မှုဇုန်စီမံကိန်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် အငှားအိမ်ရာအခန်းပေါင်းတစ်သောင်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ပုံငွေကျပ်ဘီလီယံ ၁၃၀ ထုတ်ပေး စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ Credit : News Watch Photo Credit : Thithtoolwin Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ