By The Kumudra, Shweproperty.com
Updated at 31 May 2016
ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ များများဆောက်လုပ်ပေးနိုင်ဖို့က မြေဈေးကြီးနေတာကြောင့် အစိုးရကသာမြေအလကားပေးရင် တည်ဆောက်နိုင်ပါတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအေးလင်းက ပြောပါတယ်။
ဆောလုပ်ရေးဝန်ကြီးဌာနရဲ့ရက်တစ်ရာအတွင်း စီမံကိန်းမှာပါဝင်မယ့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေမှာ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ပှုးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရတယ်။
အတွင်းရေးမှူးဦးအေးလင်းက "အစိုးရသစ်က အကောင်အထည်ဖော်ဆောင်ရွက်မယ့် တန်ဖိုးနည်းအိမ်ရာတွေများများဆောက်လုပ်နိုင်ဖို့ ရည်မှန်းထားတယ် ၊ မြေဈေးကြီးတာကြောင့် တန်ဖိုးနည်းမဖြစ်နိုင်ပါဘူး ၊ မြေသာရရင် အရည်အသွေးကောင်းတဲ့အိမ်ရာတွေကို တန်ဖိုးနည်းနည်းနဲ့ ဆောက်ပေးလို့ရတယ်" လို့ ပြောပါတယ်။
နှစ်နှစ်တာကာလအတွင်းမှာ ကျပ်သိန်း ၁၀၀ တန် တန်ဖိုးနည်းအိမ်ရာအလုံးပေါင်း ၈၀၀၀ ဆောက်လုပ်ပေးမှာဖြစ်တယ် ။ တန်ဖိုးနည်း အိမ်ရာတွေကို သိန်း ၁၀၀ အောက်ရနိုင်သမျှဆောက်ပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ရက် ၁၀၀ စီမံကိန်းအတွင်း တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၂၂၀၀ ကို ဆောင်ရွက်မှာဖြစ်တယ် ။ ကနောင်တန်ဖိုးနည်းအိမ်ရာ ၊ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နဲ့ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၃)တို့ကို ရက် ၁၀၀ အတွင်းမှာ ရောင်းချနိုင်ဖို့ပြင်ဆင်နေတယ်လို့ သိရတယ်။
အိမ်ရာတိုက်ခန်းတွေ တည်ဆောက်တဲ့အခါမှာ တန်ဖိုးတွေက သိန်း ၂၀၀ ကျော်နေရတာက မြေကြီးတန်ဖိုးမပါဘဲ ဆောက်လုပ်စရိတ် တင်အကြမ်းဖျင်း သိန်း ၁၂၀ လောက်ရှိတာကြောင့် အနည်းဆုံး သိန်း ၂၀၀ လောက်မှ ရောင်းချနိုင်တဲ့ အခြေအနေဖြစ်နေတာပါ ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က ‘ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဓိက က မြေဈေးကြီးနေတာနဲ့ ဘဏ်ချေးငွေကောင်းကောင်းလည်ပတ်လို့အရသေးတာကြောင့်ပါ ၊ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေရမယ်ဆို တန်ဖိုးနည်းအိမ်ရာတည်ဆောက်နိုင်ပါတယ် ၊ ပြည်တွင်းဘဏ်တွေချိတ်ပြီး အတိုးနှုန်းနည်းနည်းနဲ့ ရနိုင်မယ်ဆိုရင် ရပ်ဆိုင်းနေတဲ့ လုပ်ငန်းတွေပြန်လည်ပတ်နိုင်မယ်’လို့ လိုအပ်တဲ့ အချက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကနေ ရက် ၁၀၀ အတွင်း စီမံကိန်းမှာပါဝင်နိုင်ဖို့ ဆွေးနွေးလုပ်ဆောင်မှုတွေ ပြုလုပ်နေတယ်’ လို့သိရပါတယ်။
Ref : The Kumudra
Photo Credit : mnews
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ