By 7daydaily, Shweproperty.com
Updated at 7 December 2016
မြေကိုယူပြီး အခန်းတည် ဆောက်မှုကို စွန့်စားမလုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဆောက် လုပ်ရေးလုပ်ငန်းရှင်များအား သတိပေးလိုက်သည်။
မြေနှင့်ပတ်သက်၍ ရန်ကုန် မြို့ အိမ်ခြံမြေဈေးကွက်တွင် မြေ တန်ဖိုးသည် လွန်စွာကြီးမားနေ သဖြင့် ခက်ခဲသည့်အခြေအနေ ကြုံတွေ့နေရကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ထို့ကြောင့် မြေကိုယူပြီးအ ခန်း တည်ဆောက်မှု လုပ်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် လက်ရှိ အချိန်တွင် ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်၌ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက် ပါ ဝင်နေသော လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။
‘‘ရန်ကုန်အရှေ့၊ အနောက်၊ တောင်၊ မြောက်မှာ ကျွန်တော်တို့ အစိုးရအနေနဲ့ တန်ဖိုးနည်း၊ တန် ဖိုးသင့်၊ တန်ဖိုးကြီး တိုက်ခန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ ဒီမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်နိုင်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိတွင် တိုက်ခန်းဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ အရောင်းအ ဝယ်အေးစက်နေခြင်းသည် ဈေး ကွက်သဘောတရားအရသာဖြစ် ပြီး လုပ်ငန်းရှင်များအား ဖိအားမပေးသင့်ကြောင်း ရန်ကုန်မြို့ ကန်ထရိုက်တာလုပ်ငန်းရှင်များအ သင်းဝင် ဦးကျော်မြင့်က ပြောကြားသည်။
‘‘ဈေးကွက်စီးပွားရေးကို အ စိုးရအနေနဲ့ ချုပ်ကိုင်လို့ မရဘူး။ ပြည်သူတွေဝင်ငွေတိုးလာအောင် ပဲ လုပ်ပေးရမှာ’’ဟု ၎င်းက ဆို သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ