By Myanmaalinn, Shweproperty.com
Updated at 29 November 2018
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု ဆက်လက်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
ဝန်ထမ်းခွင့်ပြုမှုအခြေအနေနှင့် ရန်ပုံငွေခွဲဝေရရှိမှုများအပေါ်မူတည်၍ အပိုင်းလိုက် ခွဲခြားဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ် မြို့ပေါ်(၅) ရပ်ကွက်နေ ပြည်သူများ၏ နေထိုင်လျက်ရှိသည့် အိမ်ရာမြေများ လယ - (၃ဝ-က) ရရှိရေးနှင့် မြေစာရင်းပုံစံ (၁ဝ၅)(၁ဝ၆) မြေပုံရေးဆွဲ ရေး၊ မြေငှားဂရန်ရရှိရေကိစ္စများကို မြို့နယ်ပြည်သူလူထု အဆင်ပြေစေရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် မြို့ကွက်အမှတ် (၁-က) မြို့သစ် အကွက်နှင့် (၁-ခ) ကျောက်တော်အကွက်များအား (၆၄ လက်မ ၁ မိုင်) စကေးဖြင့် မြေတိုင်းတာနိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများနှင့် စပ်လျဉ်း ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က မြို့မြေအဖြစ် တိုင်းတာသတ်မှတ်ထားသည့် မြေဧရိယာ ၁၈၆ ဧကအနက် ၇၁ ဒသမ ၇၂၇ ဧက ကို မြေငှားဂရန်ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ မြို့မြေသတ်မှတ်ပြီး ဧရိယာများတွင်နေထိုင်သော ပြည်သူများအနေဖြင့် အချက်အလက်စုံလင်စွာဖြင့် မြေငှားဂရန်လျှောက်ထားလာပါက ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေနှင့် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေအရ စိစစ်ဆောင်ရွက်ပေးသွားနိုင် မည်ဖြစ်ပါကြောင်း၊ မြေစာရင်းပုံစံ (၁ဝ၅) ၊ (၁ဝ၆) မြေပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိ ရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မြို့ကွက်အမှတ် (၁-က)၊ မြို့သစ်အကွက် (၁-ခ) ကျောက်တော်အကွက်များကို ၆၄ လက်မ = ၁ မိုင် စကေးဖြင့် မြို့မြေတိုင်းတာဆောင် ရွက်နိုင်ရေးအတွက် လက်ရှိအခြေအနေအရ လုပ်ငန်းပမာဏနှင့် ဝန်ထမ်းအင်အားလုံလောက်မှုမရှိသည့်အတွက် ရှိသည့်အင်အားဖြင့် ဝန်ထမ်းခွင့်ပြုမှုအခြေအနေနှင့် ရန်ပုံငွေခွဲဝေရရှိမှုများအပေါ်မူတည်၍ အပိုင်းလိုက် ခွဲခြားဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားသည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်းတို့အတွက် ထမ်းဆောင်ရသည့် တံဆိပ်ခေါင်းခွန်တန်ဖိုး သတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှကျော်က စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှ ဦးအောင်မျိုး၏ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ် စာတမ်းမှတ်ပုံတင်ခတို့ကို မည်ရွေ့မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောတူညီချက်ဖြင့် ဦးစီးဌာနမှ အမြန်ဆုံးထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်းတို့အတွက် ထမ်းဆောင်ရသည့် တံဆိပ်ခေါင်းခွန်တန်ဖိုး သတ်မှတ်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ စာချုပ်စာတမ်းအမျိုးအစားအလိုက် မှတ်ပုံတင်ခကိုလည်း သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသ ကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သူ မြို့သားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ် ခဲ့ပြီး ယခုပျက်စီးယိုယွင်းနေသော ထွန်းရွှေဝါခန်းမကြီးကို ပြုပြင်ရန်နှင့် အေးမြသာယာ ကျေးရွာအုပ်စုပိုင်အဖြစ် စည်ပင်သာယာမှ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/ မရှိနှင့် မရှိပါက ပျက်စီးယိုယွင်းနေသော ယင်းခန်းမကြီးကို အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ထွန်းရွှေဝါခန်းမကို အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် ပြန်လည်လွှဲပြောင်း ပေးရန် အစီအစဉ်မရှိပါကြောင်း၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်အဖြစ်သာ ဆက်လက်ထားရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါခန်းမကြီး ကောင်းမွန်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) မှ ဦးမောင်ကျော်ဇံ၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးအောင်သိန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) မှ ဒေါ်မြတ်သီတာထွန်းက ပုဒ်မ - ၂ ၊ ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ အလုပ်သမားဆိုသည်မှာ မိမိ၏ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အလုပ်ရှင်ထံတွင် အချိန်ပိုင်းအလုပ်ကိုဖြစ်စေ၊ အမြဲတမ်းအလုပ်ကိုဖြစ်စေ အခကြေးငွေ ရယူကာ လုပ်ကိုင်နေသူကိုသော်လည်းကောင်း၊ အခကြေးငွေမယူဘဲ လုပ်ကိုင်နေသူ ကိုသော်လည်းကောင်း ဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ ၊ ပုဒ်မခွဲငယ် ( ဂ) နှင့်စပ်လျဉ်း၍ အလုပ်ရှင်ဆိုသည်မှာ မိမိ၏လုပ်ငန်းအတွက် လုပ်အား၊ နည်းပညာ သို့မဟုတ် ကျွမ်းကျင်မှုကိုရရှိရန်အလို့ငှာ အလုပ်သမားအား ငှားရမ်းစေခိုင်းသည့် အခကြေးငွေပေးရန် တာဝန်ရှိသူကိုဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ ( ဍ ) နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါကြောင်း၊ ပုဒ်မ ၂ (ဈ)၊ ပုဒ်မ - ၁ဝ၊ ပုဒ်မ - ၁၂၊ ပုဒ်မ ၁၂ - (က) ၊ ပုဒ်မ - ၁၆၊ ၁၉၊ ၂၃၊ ၂၄ ၊ ၂၅ နှင့် ၂၇ တို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါကြောင်း၊ ပြစ်ဒဏ်ပိုင်းရှိ ပုဒ်မ ၄၆(ဂ)နှင့်စပ်လျဉ်း၍ တစ်လအထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး$ ကျပ် ၁ဝ သိန်းမှ အများဆုံး $ကျပ် သိန်း ၃ဝ အထိ ငွေဒဏ်ဖြစ်စေချမှတ်ရမည်ဟုပြင်ဆင် လိုပါကြောင်း၊ ပုဒ်မ ၄၆ - (က) ပုဒ်မခွဲငယ် (၃)တွင် သုံးလထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်သိန်း ၃ဝ မှ အများဆုံး$ ကျပ်သိန်း ၁ဝဝ အထိ ငွေဒဏ်လည်း ချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄၆-(က)၊ အပိုဒ်ခွဲငယ် (၄)တွင် တစ်လ အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး $ ကျပ် သုံးသိန်းမှ အများဆုံး$ ကျပ် ၁ဝ သိန်းအထိ ငွေဒဏ်လည်း ချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။
ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ဖြည့်စွက်ချက်များကို ပယ်ဖျက်ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များအတိုင်းသာ ဆက်လက်အတည်ပြုသင့်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) မှ ဦးကျော်ထွေးက ဥပဒေကြမ်း ၏ အပိုဒ် ၂ (က) တွင် ဖြည့်စွက်ထားသည့် ဖြည့်စွက်ချက်ကို ပယ်ဖျက်သင့်ပါကြောင်း နှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက်ထားရှိသင့်ပါကြောင်း၊ အပိုဒ် ၂(ခ)နှင့် အပိုဒ် ၁(ဍ)တို့ကိုလည်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက် အတိုင်း ထားရှိသင့်ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည့် ပုဒ်မ ၁ဝ ၊ ၁၆ နှင့် ၁၉ တို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက် ထားရှိသင့်ပါကြောင်း၊ ပြစ်ဒဏ်များအခန်းရှိ ပုဒ်မ ၄၆၊ ၄၇ နှင့် ၄၈ တို့တွင် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ဖြည့်စွက်ချက်များကို ပယ်ဖျက်ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များအတိုင်းသာ ဆက်လက်အတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) မှ ဦးလှဆန်းတို့က ဆက်လက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာ ရန် ဆုံးဖြတ်ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမနေ့ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက် နံနက် ၁ဝ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
Ref : Myanmaalinn
Photo Credit : Avenue
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ