By Myanmar Builders Guide, Shweproperty.com
Updated at 24 April 2019
လုပ်ငန်းဆောင်ရွက်နေသည်၊ ပြီးစီးပြီ စသဖြင့် စာရင်းတင်ထားသော်လည်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစိစစ်မှုကို အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် စတင်မည်ဟု မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဆွေက ပြောသည်။
‘‘ဌာနဆိုင်ရာက လိမ်ထားတာတွေ။ သူတို့က စီမံကိန်း အကောင်အထည်ဖော်ပြီးသားပါလို့ လိမ်ပြီးတော့ တင်ထားတယ်။ ဘာလို့ လိမ်တင်ထားလဲဆိုတာကတော့ အဲဒီလုပ်ကွက်တွေယူထားတဲ့ သူတွေက အရင်တာဝန်ကြီးကြီးယူခဲ့တဲ့ သူတွေဖြစ်တဲ့အခါကျတော့ လိမ်တင်ထားတယ်’’ ဟု ၎င်းက ပြောသည်။
စစ်ဆေးမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသည့် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများ ကွင်းဆင်းစစ်ဆေးရေး အထူးအဖွဲ့က ဆောင်ရွက်မည် ဖြစ်သည်။
ထိုသို့ စီမံကိန်းအကောင်အ ထည်ဖော်ခြင်းမရှိသေးသည့် နေ ပြည်တော်ရှစ်မြို့နယ်ရှိ နေရာများကို စစ်ဆေးရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို အဖွဲ့သို့ တင်ပြရာ ခွင့်ပြု၍ လာမည့်တစ်ပတ်အတွင်း (ဧပြီ ၂၄ ရက်) စတင်စစ်ဆေးနိုင်ဖွယ်ရှိကြောင်း စစ်ဆေးရေးအထူးအဖွဲ့တွင် ပါဝင်သူ ဦးမောင်မောင်ဆွေက ရှင်းပြသည်။
‘‘လုပ်ငန်းစဉ်ပါတဲ့အတိုင်း မဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေ ကို ဥပဒေအတိုင်း အရေးယူပြီး တော့ အဲဒါကို အစိုးရမြေအဖြစ် သတ်မှတ်ပြီးတဲ့အခါမှ ဒေသခံ တောင်သူတွေကို သေချာစိစစ်ပြီး တကယ်လုပ်ဆောင်မယ့် တောင် သူတွေလက်ထဲ ပြန်ထည့်မှာဆိုတော့ မြေမရှိတဲ့ တောင်သူတွေ မြေရသွားမှာပေါ့’’ဟု တောင်သူ လယ်သမားအရေး ဆောင်ရွက် နေသူ ကိုထွန်းဝင်းက ပြောသည်။
တစ်နိုင်ငံလုံးတွင် ခွင့်ပြုထား သည့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းဧက နှစ်သန်းသုံးသိန်းရှိပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော ဧက ၁ ဒသမ ၃၇ သန်းကို ပြန်လည်သိမ်းယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒီဇင်ဘာတွင် လွှတ်တော်၌ ဖြေကြားထားဖူးသည်။
Ref : Myanmar Builders Guide
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ