By 7daydaily, Shweproperty.com
Updated at 1 June 2015
ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အတွင်း ယခုရက်ပိုင်း၌ ကျပ်သိန်း ၁၀၀ မှ ၆၀၀ တန်မြေကွက်များ ပြန်လည်အရောင်း အဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်း ရရှိသည်။ အထူးသဖြင့် သန်လျင်၊ ဒဂုံ အရှေ့၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နှင့် တောင်ဒဂုံမြို့နယ်များရှိ တန် ဖိုးသင့်တင့်မြေကွက်များ အရောင်းအဝယ်ဖြစ်နေပြီး အများစုက ဈေးလျှော့၍ ရောင်းချနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရွှေအိမ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးမြတ်မိုး က ပြောသည်။ ပါမစ်မြေနှင့် ဂရန်မြေ အများစု အရောင်းအဝယ်ဖြစ်နေပြီး ပေ ၄၀ × ၆၀ မြေကွက်များမှာ ကျပ်သိန်း ၁၂၀ မှ ၆၀၀ အထိ မြို့နယ်ပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေသည်။ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့စဉ်က ဈေးနှုန်းထက်ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ လျှော့ ချရောင်းချလာသဖြင့် ယခုကဲ့သို့ အရောင်းအဝယ်ပြန်ဖြစ်နေခြင်းဖြစ်သည်ဟု ဦးမြတ်မိုးက ဆိုသည်။ ‘‘လနမြေတွေကတော့ အ ရောင်းအဝယ်မရှိသလောက်ပဲ။ ပါ မစ်မြေနဲ့ ဂရန်မြေတွေ တကယ် အရောင်းအဝယ်ဖြစ်တယ်။ ဈေး ကစားတဲ့သူတွေ ဝယ်ကြတာ မဟုတ်ဘူး။ တကယ်နေမယ့် ထိုင်မယ့်သူတွေ၊ ပြန်ငှားတဲ့သူတွေ ဝယ်နေကြတာ’’ ဟု သန်လျင်အောင်ချမ်းသာရပ်ကွက်မှ အကျိုးဆောင်တစ်ဦးက ပြောသည်။ ‘‘သန်လျင်အောင်ချမ်းသာ (၂) ရပ်ကွက်မှာ ပေ ၄၀ × ၆၀ ကို သိန်း ၆၀၀ နဲ့ မနေ့က အရောင်း အဝယ်ဖြစ်သွားတယ်။ အရင် အဲဒီနေရာက ၈၀၀ နဲ့ ၉၀၀ ကြား တင်းခံနေတဲ့ နေရာတွေ’’ဟု ၎င်းက ဆိုသည်။ မြို့စွန်ရှိ မြို့နယ်အချို့တွင် တန်ဖိုးနည်းမြေကွက်များ အဓိက အရောင်းအဝယ် ဖြစ်နေသော် လည်း မြို့တွင်းပိုင်းရှိ ကြိုပွိုင့်ကန် ထရိုက်တိုက်ခန်းဈေးကွက်မှာ အ ရောင်းအဝယ်သိသိသာသာကျ ဆင်းလျက်ရှိသည်။ ထို့ပြင် တန်ဖိုးကြီးမြေကွက် နှင့် အိမ်ကြီးအိမ်ကောင်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ လည်း ယခင်ကလောက် အလုပ် မဖြစ်ဘဲ ငြိမ်နေကြောင်း စိုင်းခွန် နောင်အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင် စိုင်းခွန်နောင်က ပြော သည်။ ရောင်းချသူများသည် ဈေးကွက်အခြေအနေကို ထပ်မံ မစောင့်နိုင်တော့သဖြင့် ရောင်းချ ခြင်းဖြစ်သည်ဟု အကျိုးဆောင်များက သုံးသပ်ကြသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရွေးကောက်ပွဲရှိသဖြင့် လာမည့် နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအဝယ်ပြန်ကောင်းလာ နိုင်သည်ဟု အကျိုးဆောင်အချို့ က မျှော်လင့်နေကြသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ