By အေးသူစံ, Shweproperty.com
Updated at 21 November 2012
ကန်ထရိုက်တိုက်ခန်းများအား အပျောက်စနစ်ဖြင့် အရောင်း အဝယ်ပြုလုပ်ရာတွင် ရောင်းသူ နှင့် ဝယ်သူတို့အကြား ချုပ်ဆို သည့်စာချုပ်၌ မြေပိုင်ဆိုင်သူ မြေရှင်များက အသိသက်သေ လက်မှတ်ရေးထိုးခအဖြစ် ကျပ် သိန်းဆယ်ဂဏန်းအထိ တောင်း ယူမှုများဖြစ်ပေါ်နေကြောင်း တိုက်ခန်းအရောင်းအဝယ်ပြုသူ များနှင့် အကျိုးဆောင်ရှေ့နေများ ထံမှ သတင်းရရှိသည်။
မြေရှင်နှင့် ကန်ထရိုက်တို့ အကြား သဘောတူညီချက်အရ ဆောက်လုပ်ထားသော တိုက်ခန်းများကို တစ်ဆင့်ပြန်လည်ရောင်းချသူနှင့်ဝယ်သူ များမှာအပျောက် စနစ် (နေပိုင်ခွင့်အတွက် တန်ရာ တန်ကြေးပေး၍ ဥပစာကို လွှဲ ပြောင်းယူသည့်စနစ်) ပိုမို ကျင့်သုံး လာသည်။ အပျောက်စနစ်ဖြင့် ဝယ်ယူသူမှာ လွှဲပြောင်းခွင့်၊ ရောင်းခွင့် ၊ပေါင်နှံခွင့် ၊ အာမခံခွင့် စသည့် အခွင့်အရေးများ ရှိကြောင်း သိရသည်။ သို့သော် မြေရှင်အသိ အမှတ်ပြုမှ အိမ်ထောင်စုစာရင်း သွင်းခဲ့သည့် အစဉ်အဆက် အလေ့ အထကြောင့် မြေရှင်များမှာ ယင်းအ ချက်ကို အခွင့်ကောင်းယူ၍ သက်သေ လက်မှတ်ထိုးခကို အဆမတန် တောင်းယူမှုများ ရှိလာသည်။
''ကျောက်တံတားမှာ ဆို မြေရှင်က လက်မှတ်ထိုးခကို သိန်းသုံး၊ လေး ဆယ်တောင်းတာ။ ဟိုတုန်းက တိုက်ခန်းတွေက ဈေးမကြီးတော့ အမည်ပြောင်းခ၊ သက်သေထိုးခ က တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း ဆိုတာ မသိသာဘူး။ အခုခေတ် မြေညီထပ်ကို သိန်းခုနစ်ရာ၊ ရှစ် ရာဖြစ်လာတော့ မြေရှင်တွေက တိုက်ခန်းတန်ဖိုး အလိုက်မတန်တဆတွေ တောင်းကုန်ရော'' ဟု တရားလွှတ်တော်ရှေ့နေ ဦးဝင်း ဆွေဦးကပြောသည်။
''ကျွန်မ ကျောက်တံတား မြို့နယ်ထဲမှာ တိုက်ခန်းတစ်ခန်း ဝယ်ဖို့စရန်သိန်းခြောက်ဆယ်ပေး ပြီးချိန်မှာ မြေရှင်ဆိုတဲ့သူ ရောက် လာပြီး သူလက်မှတ်ထိုးမှ တရား ဝင်မှာဖြစ်လို့ လက်မှတ်ထိုးခ ၁၃ သိန်းပေးရမယ်ပြောတယ်။ ပြီး တော့ စည်းကမ်းချက်တွေ သုံးမျက်နှာ လောက်ပါတဲ့ စာချုပ်ကို ပြပြီး လက်မှတ်ထိုးခိုင်းတယ်။ သူ့ ချုပ်အတိုင်းဆို အိမ်မှာ သူမသိဘဲ သံတစ်ချောင်းတောင်ရိုက်လို့ မရ ဘူး။ ဘာသာခြားကို မငှားရ၊ မ ရောင်းရဘူးဆိုတာတွေပါတယ်။ ကိုယ့်မှာစရန်က လက်လွန်ထား တော့ အောင့်သက်သက်နဲ့ပဲ သူ့ ကို ၁၃ သိန်းပေးလိုက်ရတယ်''ဟု ရုပ်ရှင်သရုပ်ဆောင်ပန်းဖြူက ပြောသည်။
''တကယ်တမ်း ကန်ထရိုက် တိုက်ခန်း ဝယ်တယ်ဆိုတာ လေ ထဲက ဥပစာကို ဝယ်ပြီးနေတာ။ မြေကိုကျတော့ မြေရှင်ဆီမှာ ငှား ရမ်း နေထိုင်တာ။ ဒါကို မြေရှင်တွေက တိုက်ခန်းဝယ်သူတွေကို အိမ် ငှားလို့ဆက်ဆံတယ်။ လသာတ့ို လမ်းမတော်ဘက်တွေဆိုလည်း သိန်းငါးဆယ်၊ ခြောက်ဆယ် တောင်းတာ ကြားနေရတယ်''ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင် ခိုင်လဲ့ကပြောသည်။
အချို့ အရောင်းအဝယ်ပြု လုပ်သူများမှာ မြေရှင်များဘက်မှ အဆမတန် ငွေကြေးတောင်းခံမှု များကိုမပေးဘဲ အိမ်ထောင်စုစာရင်းကို တိုက်ခန်းအရောင်းအ ဝယ် စာချုပ်ပြ၍ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးရုံးများသို့ တိုက်ရိုက် လျှောက်ထားကာ ပုံစံ (၁ဝ) ထုတ်ယူ မှုများ ရှိကြောင်းသတင်း ရရှိသည်။
''ကျွန်တော်တို့ မြို့နယ်ထဲမှာ ဆယ်သိန်း ဆယ့်ငါးသိန်း ပေးရတဲ့ အရောင်းအဝယ်တွေတော့ ကြားနေရ ပါတယ်။ ကျွန်တော်တို့ကတော့ အရောင်းအဝယ်စာချုပ် မှန်ကန် တယ၊် အချက်အလက် အထောက် အထားမှန်ရင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပါတယ်ဆို ိုရင် ရပ်ကွက် ထောက်ခံစာပေးတယ်။ ဧည့်စာရင်း ပေးပါတယ်။ မြေရှင်သက်သေခံ လက်မှတ်ပါရမှ မဟုတ်ပါဘူး''ဟု ကျောက်တံတားမြို့နယ်၊ (၈) ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမောင် လှကပြောသည်။
ယင်းသို့ မြေရှင်များဘက်မှ အဆမတန် ငွေကြေးတောင်းခံမှု များကို ရင်ဆိုင်ရသည့်အပြင် မြေကွက်တစ်ကွက်ပေါ်ရှိ ကန်ထရိုက် တိုက်ခန်းများ၊ ကွန်ဒိုများမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်စေ ပြိုကျပျက်စီးသွား ပါက မှုလ မြေပိုင်ရှင်သာ ပိုင်ဆိုင်သွားပြီး အရောင်းအဝယ် ပြုလုပ်သော တိုက်ခန်း၊ ကွန်ဒိုမှာ မျြက်မင် ဒိဋ္ဌမရှိတော့သည့် အတွက် မူလအရောင်းအဝယ်စာချုပ်မှာ ပျက်ပြယ်သွားရာ တိုက်ခန်းပိုင်ရှင် များ မှာ လက်ရှိမှ လက်မဲ့ဘဝနှင့် ရင်ဆိုင်ရမည့်ပြဿနာလည်းရှိ သည်။ 'အိမ်ရှင်၊ အိမ်ငှား အခွင့်အရေး ၊ မြေရှင်အခွင့်အရေး ဒါတွေ ကို ဥပဒေပြဋ္ဌာန်းဖို့လိုတယ်။ တိုး တက်လာတဲ့မြို့ပြနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ ဥပဒေတွေ ၊ ဥပဒေ ရဲ့အားနည်းချက်တွေကြောင့် အ ခုလိုပြဿနာတွေ ဖြစ်နေရတာ ပါ။ ၁၉၆ဝ ခုနှစ် အိမ်ရှင်၊ အိမ်ငှား ဥပဒေမှာ ဒီအချက်တွေ ထည့် သွင်းစဉ်းစားပြုပြင်ဖို့လိုတယ်''ဟု တရားလွှတ်တော်ရှေ့နေ ဦးဝင်း ဆွေဦးကပြောသည်။ ''ကျွန်တော် တို့ဆီမှာ အခု ကွန်ဒိုဥပဒေတွေ လည်း ရေးဆွဲနေပြီ။ အခု လော လောဆယ်တော့ အရောင်းအဝယ်စာချုပ် ချုပ်တဲ့အခါ နှစ်ဦး နှစ်ဖက် အသီးသီးကာကွယ်ရာ ရောက်တဲ့အချက်တွေကို ထည့် ချုပ်တာက အကောင်းဆုံးပေါ့'' ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင် သန်းစိုးကပြောသည်။
''အိမ်ငှားတစ်ဦးသည် တစ် ဆင့်ပြန်လည်အငှားချထားရန် ဆောင်ရွက်သည့် ခါအဆောက် အဆောက်အအုံပိုင်ရှင်၏ ခွင့် ပြုချက် ကိုရယူပြီးမှ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်မတွေ့ရပေ''ဟု ၁၉၉၂ ခုနှစ် တရားမအထူးအယူ ခံမှု အမှတ်(၂၈) စီရင်ထုံတွင် ဖောြ်ပ ထားသည်။
Source : 7 Days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ