By 7Day Daily, Shweproperty.com
Updated at 6 June 2019
အစိုးရအနေဖြင့် မြေနေရာများကို အများပြည်သူ အဆင်ပြေစေမည့် လုပ်ငန်းများအတွက် စီမံခန့်ခွဲမှုများ လုပ်ဆောင်နေခြင်းသာရှိကြောင်း ၎င်းက ယမန်နေ့က ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ရန်ကုန်တိုင်းဒဒေသကြီး အစိုးရက စက်သုံးဆီဈေးကျဆင်းရေးအတွက်ဆိုကာ ရန်ကုန် ပက်ထရိုဆီဆိုင်သို့ နိုင်ငံပိုင်မြေကို သက်သာသောနှုန်းထားနှင့် လုပ်ကိုင်ခွင့်ပေးထားသည့်အပေါ် မေးမြန်းချက်ကို ဖြေကြားရာတွင် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။
‘‘အများပြည်သူအဆင်ပြေ စေဖို့အတွက် ကျွန်တော်တို့လုပ်တာပါ။ အများပြည်သူမျက်နှာပဲ ကျွန်တော်တို့ကြည့်ရပါမယ်။ အခုလိုဝေဖန်မှုတွေ ရှိနေတာကို ကြည့်ရတာဆီဈေးကျတာကို မလိုလားလို့လား ထင်မိတယ်’’ ဟု ၎င်းကပြောသည်။
မြို့သစ်စီမံကိန်းကို ပြည်ထောင်စု အစိုးရ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ဟုဆို
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြည့်မြင်တိုင်တစ်ဖက် ကမ်းမြို့သစ်စီမံကိန်းကို ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်နေခြင်းမဟုတ်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် လွှတ်တော်အတည်ပြုချက်ရယူခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ လမ်းညွှန်ချက်ကို ခံယူပြီးမှသာ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြေယာလျော် ကြေးများပေးချေနေပြီးဖြစ်သဖြင့် မြို့သစ်စီမံကိန်းလုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။
‘‘ဒီမိုးတွင်းမှာ မြေတွေကို စနစ်တကျစီမံခန့်ခွဲဖို့ လုပ်နေပါတယ်’’ ဟု ၎င်းကပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သူများကို ဖိတ်ခေါ်၍ ကျူးကျော် များအတွက် အိမ်ရာဖော်ဆောင်မည်
ကျူးကျော်များနှင့် အိမ်ရာ အခက်အခဲရှိသူများ နေစရာအတည်တကျရရှိနိုင်စေရန် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံလိုသူများကို မြေ တန်ဖိုးမယူဘဲ အိမ်ရာဆောက် လုပ်ရောင်းချနိုင်အောင် ဖိတ်ခေါ်မည်ဟု ဝန်ကြီးချုပ်ကပြောသည်။
လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ၌ မြေတန်ဖိုးမှာ ကြီးမြင့်နေခြင်းကြောင့် နိုင်ငံတော်မှ မြေပေး၍ ရင်းနှီး မြှုပ်နှံစေမည့်စနစ်ကို ကျင့်သုံးရန် စဉ်းစားနေသည်ဟုလည်း ပြောကြားသည်။
‘‘ပြည်တွင်းက လုပ်ငန်းတွေက ငွေပေးသွင်းကာလကို ငါးနှစ်ကနေ ရှစ်နှစ်လောက်အထိ လက်ခံနိုင်တယ်။ ပေးသွင်းရတဲ့နှစ် နည်းတာနဲ့အမျှ အခြေခံလူတန်းစားတွေ ပေးသွင်းရမယ့်ငွေပမာ ဏကများနိုင်တယ်။ ဒါကြောင့် ၁၅ နှစ်ကနေ နှစ် ၂၀ အထိ ပေးသွင်းတာကို လက်ခံနိုင်မယ့်နိုင်ငံ ခြားရင်းနှီးသူတွေကို ခေါ်ယူဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ရဲတပ်ဖွဲ့ လှည့်ကင်းကားနှင့် ဆိုင်ကယ်များတွင် GPS တပ်ဆင် စောင့်ကြည့်နေ
တိုင်းအတွင်း အရေးပေါ်အခြေအနေဖြစ်ပေါ်၍ ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံလာပါက ဖြစ်ရပ်နှင့်အနီးဆုံးရှိ လှည့်ကင်း ရဲတပ်ဖွဲ့များကို ပြန်လည်ညွှန်ကြားပြီး သွားရောက်ကူညီနိုင်အောင် ချိတ်ဆက်လုပ်ဆောင်နေကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။
ထိုသို့ညွှန်ကြားပြီးနောက် အမှန်တကယ်သွားရောက်ကူညီခြင်းရှိ၊ မရှိ ဗဟိုထိန်းချုပ်ရေးစင်တာမှနေ၍ စောင့်ကြည့်နေကြောင်း ၎င်းကဆိုသည်။
‘‘သွားတယ်ဆိုပြီး လိမ်လို့မရဘူး။ ရဲတပ်ဖွဲ့ယာဉ်တွေမှာ GPS တပ်ထားတာကြောင့် သူတို့ ရွေ့လျားသွားလာမှုကို ကြည့်နေ လို့ရနေတယ်’’ ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
စည်းကမ်းမဲ့မီးခိုးနှင့် ရေဆိုးစွန့် ပစ်စက်ရုံများ ပိတ်သိမ်းအရေးယူမည်
တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဖြစ်ပေါ်စေသည့် မီးခိုးနှင့် ရေဆိုးစည်းကမ်းမဲ့စွန့်ပစ်သည့် စက်ရုံများကို ပိတ်သိမ်းအရေးယူမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ယင်းစက်ရုံများကို ကနဦး စစ်ဆေးကာ သတိပေးမည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက ပိတ်သိမ်းသည်အထိ အရေးယူရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
Ref : 7Day Daily
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ