By Ra Wai, Shweproperty.com
Updated at 31 March 2020
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် အစိုးရက မြေဧကဈေးနှုန်းများ သတ်မှတ်ထားရာ
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်က ဈေးနှုန်းထက် ၁ဝ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ လက်ရှိ ဘဏ္ဍာနှစ်အတွက် မြေဧကသတ်မှတ်သည့် ဈေးနှုန်းများထွက်ပေါ်လာခြင်းမရှိသေးသော်လည်း လက်ရှိဈေးကွက်တွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်က ဈေးနှုန်းများအတိုင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ရန်ကုန်မြို့အိမ်ခြံမြေကဏ္ဍအတွက်တန်ဖိုးသတ်မှတ်ပေးမည့်အစီရင်ခံစာကို ပြည်တွင်းအခွန်များဦးစီးဌာနမှဇွန်လတွင်ထုတ်ပြန်ခဲ့ပြီးအထင်ကရပြောင်းလဲမှုများအဖြစ်အဓိကလမ်းမကြီးနှစ် ခုဖြစ်သောပြည်လမ်းနှင့်ကမ္ဘာအေးဘုရားလမ်မှလွဲ၍ရန်ကုန်မြို့စည်ပင်သာယာနယ် နမိတ်အတွင်းရှိ လမ်းများအားလုံး၏မြေဈေးများ၁၀ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်လျော့ကျခဲ့သည်။ ဈေးနှုန်းကွာခြားချက်ကြီးမားသည့် ဒဂုံမြို့နယ်ရှိပြည်လမ်းမ၏တစ်စတုရန်းပေမြေကွက်ဈေးကိုအခြားမြို့နယ်များနှင့်တပြေးညီဖြစ်စေရန်ကျပ် ၄၀၀,၀၀၀သို့တိုးမြှင့်ခဲ့ပြီး ဈေးနှုန်း အနည်းဆုံးဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့်လှိုင်သာယာမြို့တို့ရှိမြေဈေးများ ကို၂၀ရာခိုင်နှုန်းမှ၄၀ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရန်ကုန်မြို့ရှိ မြေဈေးနှုန်းများမှာ ကွာဟချက် ကျဉ်းမြောင်းခဲ့သည်။
၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်အတွက် လမ်းအမျိုးအစားပေါ်မူတည်၍သတ်မှတ်ထားပြီး မြေဈေးနှုန်းများမှာ မြို့နယ်များအလိုက် တစ်စတုရန်းပေမြေကွက်ဈေးကိုကျပ် ၃၂ဝဝ မှ ကျပ်၂၇၀,၀၀၀ သတ်မှတ်ထားသည်။ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပရှိ မြို့များတွင် မြေဧကသတ်မှတ်ဈေးနှုန်းများ အပြောင်းအလဲ မရှိပဲ၂ဝ၁၇-၂ဝ၁၈က သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းသာ သတ်မှတ်ထားသည်။ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိမြို့များတွင် တစ်စတုရန်းပေမြေကွက်ဈေးကို ကျပ် သုံးရာမှ စတင်ကာ ကျပ်ငါးသောင်းအထိ သတ်မှတ်ထားသည်။ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပရှိ မြို့များတွင်ဧကအလိုက် ဈေးနှုန်းသတ်မှတ်မှာ တစ်ဧကလျှင် ကျပ်သိန်း ၂ဝမှ ကျပ်သိန်း ၅ဝအထိ သတ်မှတ်ထားသည်။
ထို့အပြင် တိုက်ခန်းနှင့် ကွန်ဒိုဈေးနှုန်းများမှာ ၂ဝ၁၇-၂၀၁၈ခုနှစ်က သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း အပြောင်းအလဲမရှိသော်လည်းတိုက်ခန်းဈေးသတ်မှတ်အတွက် ခြောက်လွှာနှင့် အထက်ဟု ပြင်ဆင်ခဲ့သည်။ တိုက်ခန်းများအတွက် သတ်မှတ်ထားသည့်ဈေးနှုန်းများအနေဖြင့်လမ်းအနေအထားပေါ်မူတည်ကာ တွက်ချက်ထားပြီး အတွင်းလမ်း၊လမ်းမကျယ်နှင့် အဓိကလမ်းမကြီးစသည့် လမ်းအမျိုးအစားအလိုက် သတ်မှတ် ထားမှုကွာခြားသည်။
Ref & Photo Credit By : Myanmar Builder Guide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ