By The Kumudra, Shweproperty.com
Updated at 17 February 2015
အိမ်ခြံမြေဈေးကျနေတယ် ဆိုပေမယ့် တကယ့်ဈေးကွက်မှာ ဈေးချရောင်းတဲ့ မြေကွက်ကရှားပြီး တချို့အကွက်တွေလောက်ပဲ အောက်ဈေးနဲ့ ထွက်ရောင်းကြတာလို့ အကျိုးဆောင်တချို့က ဆိုပါတယ်။ "မြို့တွင်းပိုင်းမှာ ဈေးမကျဘူး၊ ဈေးကျတယ်၊ ဈေးချရောင်းတယ်ဆိုတာက ဆင်ခြေဖုံးမြို့နယ်တချို့မှာ ငွေလိုတဲ့ သူတွေနဲ့ လက်ထဲမှာ မထားချင်သူတချို့က အောက်ဈေးနဲ့ထုတ်ရောင်းနေတာ"လို့ ဝါရင့်အကျိုးဆောင် ဦးထွန်းကျော်က သူ့အတွေ့အကြုံကို ပြောပါတယ်။ မြို့တွင်းနဲ့ စည်ကားတဲ့ မြို့နယ်တွေမှာတော့ လျှော့ဈေးမဟုတ်ပဲ ဈေးက အမြင့်ပဲရှိနေတာ။ လျှော့ဈေးနဲ့ ထုတ်တာမျိုး နည်းတယ်။ ဈေးအေးသွားတယ် ဆိုပေမယ့်လဲ ဈေးကိုအများကြီး လျှော့ရောင်းတာမျိုး မရှိဘူးလို့ အကျိုးဆောင်တချို့က ပြောပါတယ်။ ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "အကွက်ကြီးတွေ အရောင်းအဝယ်မဖြစ်ပေမယ့် အကွက်သေးတွေ၊ သိန်းရာဂဏန်းတွေတော့ အရောင်းအဝယ် နည်းနည်းရှိပါတယ်၊ လူမနေသေးတဲ့ သိပ်မစည်သေးတဲ့ နေရာတွေတော့ အဝယ်ပျောက်သွားတယ်၊ ဒါပေမဲ့ ဈေးကွက်အခုလိုအေးနေတာ ယာယီလောက်ပါပဲ"လို့ ပြောပါတယ်။ လူမနေမစည်သေးတဲ့နေရာ၊ ဈေးသက်သာလို့ ဝယ်ထားတဲ့နေရာသာ အောက်ဈေးနဲ့ ထုတ်ရောင်းကြတယ်။ သိန်းထောင်ဂဏန်းအကွက်တွေ၊ လူစည်နေပြီး ဖွံ့ဖြိုးနေတဲ့ နေရာတွေမှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ ဈေးအမြင့်တင်းခံနေတုန်းပဲလို့ သိရတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ