By 7daydaily, Shweproperty.com
Updated at 7 September 2015
မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများအဓိက အလုပ်ဖြစ်နေပြီး ကျပ်သိန်း နှစ် ရာကျော်မှ ကျပ်သိန်း ခြောက်ရာ ခန့် အိမ်လုံးချင်းများ ယခုရက်ပိုင်း အတွင်း အရောင်းအဝယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။
ပေ ၄၀×၆၀၊ ၁၂ ပေခွဲ×၅၀ မြေကွက်များသည် ရပ်ကွက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
‘‘တကယ်နေမယ့် ထိုင်မယ့် သူတွေဝယ်ကြတာပါ။ ရပ်ကွက် ကောင်းကောင်း၊ အိမ်ကောင်း ကောင်းကို သိန်းသုံးရာ၊ လေးရာ လောက်နဲ့ တချို့က ပေးဝယ်နေ ကြတယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။
သို့သော် မြို့စွန်မြို့နယ်များ ရှိ မြေကွက်များ၊ စီမံကိန်းအသံ ကြားတိုင်းလိုက်လံဝယ်ယူသည့် နေရာများ၊ မြို့လယ်တိုက်ခန်းများကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများ က အရောင်းအဝယ်မရှိသလောက်နည်းပါးနေဆဲဖြစ်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များက ပြော သည်။
‘‘အခုနောက်ပိုင်း ဒဂုံအရှေ့ ဘက်က လုံးချင်းလေးတွေကို ငွေ နည်းနည်းတတ်နိုင်တဲ့သူတွေ ဝယ်နေကြတယ်။ သိန်း ၁၅၀ လောက် ဆို ပေ၂၀×ပေ၆၀ရတယ်။ အိမ် လုံးချင်းလေးတွေ ခပ်သန့်သန့်ရ တယ်။ အခုအဲဒီဘက်တွေက လမ်း တွေလည်း ကောင်းနေပြီ။ ဒါ ကြောင့် အဲဒီဘက်တွေကို လူနည်း နည်းစိတ်ဝင်စားလာတယ်’’ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေအ ကျိုးဆောင်က ပြောသည်။
အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း မြို့တွင်းပိုင်း မြို့နယ်များရှိ မြေညီထပ်တိုက် ခန်းများတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အငှားဈေးကွက်အား ကောင်းနေပြီး နေရာကောင်းကို ဈေးပိုပေးငှားရမ်းကြသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြော ကြားသည်။
ယခု အရောင်းအဝယ်ဖြစ် သည့် နေရာများမှာ ယခင်က ဈေး အနည်းငယ် မြင့်တက်နေသည့် နေရာဖြစ်ပြီး သိန်း နှစ်ရာမှ သုံးရာ အထိ ဈေးလျှော့ရောင်းချလာသဖြင့် ဝယ်ယူနေထိုင်ကြခြင်းဖြစ်ပြီး ဝယ်ယူသူအများစုမှာ ယခင်ကလို ဈေးကစားဝယ်ရောင်းသမားများ မဟုတ်ဘဲ အမှန်တကယ်နေထိုင် မည့်သူများကသာ ဝယ်ယူနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးသိန်းလှညိုက ပြောသည်။
‘‘တန်ဖိုးကြီးတွေ အရောင်း အဝယ်မဖြစ်တဲ့ အချိန်မှာ ဒီအပိုင်းလေးတွေကနေ အရောင်းအဝယ် ဖြစ်နေလို့ အကျိုးဆောင်တွေ မ နည်းအဆင်ပြေတာ။ အရောင်း အဝယ်ကြီးတွေ မဖြစ်တာက နှစ်နဲ့တောင်ချီတော့မယ်’’ဟု ဦးသိန်း လှညိုက ဆိုသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ