By Myanmar Times, Shweproperty.com
Updated at 27 June 2019
၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် ကာလတန်ဖိုး သတ်မှတ်ပေးသည့် မြေကွက်စံနှုန်းများကို ယခုလ အစောပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါမြေကွက်စံနှုန်းများမှာ အိမ်ခြံမြေဈေးကွက် အတွင်း မြေရောင်းဝယ်ခြင်းများအပေါ် အခွန် ပေးဆောင်ရာတွင် အခွန်နှုန်းထားကို တွက်ချက်နိုင်ရန် အစိုးရက သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်လိုက်သော တစ်စတုရန်းပေကို ပေးဆောင်ရမည့် သတ်မှတ်တန်ဖိုးများမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည်။
ဈေးကွက်အတွင်း အမှန်တကယ်ရှိနေသော ပေါက်ဈေးများနှင့် အစိုးရက သတ်မှတ်ထားသော ဈေးများ နှိုင်းယှဉ်လိုက်သောအခါ အစိုးရက သတ်မှတ်ထားသော ဈေးနှုန်းများသည် ပိုမိုကြီးမြင့်နေကြောင်း၊ ယခုနှစ်တွင် သတ်မှတ်နှုန်းထားများ လျှော့ချလိုက်ခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းဝယ်သူ ပိုများလာပြီး အခွန်ရှောင်သူများလည်း လျော့နည်းလာနိုင်ကြောင်း ငပြညောမေံသကျန.ခသာ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။
"အခွန်တွေလျှော့လိုက်တာက အခွန်ဆောင်တဲ့သူတွေပိုပြီး များလာလိမ့်မယ်၊ အစိုးရအတွက်လည်း အကျိုးရှိတယ်၊ အခွန်အခတွေ ပိုပြီးရလာနိုင်တယ်"ဟု ၎င်းက ပြောသည်။
ယခင်က သတ်မှတ်ထားသော တန်ဖိုးများမှာ ကြီးမြင့်နေသည့်အတွက် အခွန်တွက်ချက်ရာတွင် အခွန်အခ များစွာပေးဆောင်ရကြောင်း၊ ပေးဆောင်ရသည့်အခွန်မြင့်မားနေသည့်အတွက် ဈေးကွက်အတွင်း အခွန်တိမ်းရှောင်မှုများလည်း ရှိနေကြောင်း ဦးနေမင်းသူက ဆိုသည်။
လက်ရှိအိမ်ခြံမြေဈေးကွက်တွင် အိမ်ရာများဝယ်ယူပါက အိမ်တန်ဖိုးနှင့်အတူ အခွန်ပေးဆောင်ရချိန်တွင် သတ်မှတ်အခွန်နှုန်းထား ကြီးမြင့်နေမှုကြောင့် ဝယ်ယူသူများမှာ ဝယ်ယူရန် ဆိုင်းငံ့သွားသည်များပင် ရှိကြောင်းလည်း ၎င်းကဆိုသည်။
ယခုအစိုးရက သတ်မှတ်လိုက်သည့် တစ်စတုရန်းပေအတွက် သတ်မှတ်တန်ဖိုးများမှာ ဈေးကွက် လက်ရှိပေါက်ဈေးများနှင့် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ထိ ကွာခြားမှုများရှိသေးကြောင်း နျအအေန ပြညောမျွေနေူ နျအအေန ကဒေါက်တာထူးမြတ်နိုင်က ဆိုသည်။
"ဈေးကွက်က ၂၀ ရာခိုင်နှုန်းလောက်ကျနေတဲ့ အချိန်မှာ ၁၀ ရာခိုင်နှုန်းလောက်ချပေးတော့ အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ဘူး၊ ဒီထက်တော့ ပိုလျှော့ပေးသင့်တယ်။ သတ်မှတ်စံနှုန်းကို လျှော့ချရုံနဲ့ မရသေးဘူး၊ အခွန်နှုန်းထားကိုပါ လျှော့ချပေးဖို့ လိုအပ် ပါတယ်။ ဒါမှသာ အခွန်ရှောင်တဲ့သူတွေ နည်းလာမှာဖြစ်တယ်"ဟု ဒေါက်တာထူးမြတ်နိုင်က ပြောသည်။
အခွန်နှုန်းထားကို လျှော့ချခြင်းမရှိဘဲ အခွန်စည်းကြပ်ရန် သတ်မှတ်နှုန်းထားကိုသာ ၁၀ ရာခိုင်နှုန်း ခန့် လျှော့ချပေးခြင်းဖြစ်ရာ ယခင်က မြေဝယ်လျှင် အခွန် ကျပ် သိန်း ၁çဝ၀ဝ ပေးဆောင်ရမည့်သူသည် ယခုနှစ်တွင် ကျပ် သိန်း ၉၀ဝ ခန့်သာ ပေးဆောင် ရမည့်သဘောသာ ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ကြီးကြီးမားမား ပြောင်းလဲလာနိုင်ခြင်း မရှိကြောင်း ၎င်းက သုံးသပ်သည်။
အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါသတ်မှတ် စံနှုန်းများကို ဈေးကွက်နှင့် ကိုက်ညီအောင် အနည်းဆုံး ခြောက်လတစ်ကြိမ်ခန့် ညှိနှိုင်းသတ်မှတ်ပေးလေ့ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာစေရန် အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် ဈေးကွက်ပေါက်ဈေးများနှင့် ကိုက်ညီသည့်စံနှုန်းများကို သတ်မှတ်ပေးရန် လိုကြောင်း ဦးနေမင်းသူက အကြံပြုသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ