By Messenger, Shweproperty.com
Updated at 14 September 2015
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွင့်လှစ်မည့်ရက် ရွှေ့ဆိုင်းမှုကြောင့် လေဆိပ်အနီးရှိ မြေကွက် အဝယ်များ ရပ်တန့်သွားကြောင်း ယင်းလေဆိပ်အနီး အိမ် ခြံ မြေ ဝန်ဆောင်မှု ပေးနေသည့် နိုင်မြန်မာ အကျိုးဆောင်မှ ဦးမြင့်သိန်းက ပြောသည်။
''အရင်တုန်းက လေဆိပ် စီမံကိန်းကြောင့် မြေကွက်ဈေးတွေ တက်လာတဲ့ အပြင် အဝယ်လည်း လိုက်လာတယ်။ အခုစီမံကိန်းက နောက်ကို ဆုတ်သွားတော့ အဝယ်တွေ မရှိသလောက် ဖြစ်သွားတယ်'' ဟု ၎င်းကပြောသည်။
ယခင်က ဟံသာဝတီ လေဆိပ်စီမံကိန်း အနီးရှိ ပေ (၆၀x၈၀) မြေကွက် တစ်ကွက်လျှင် ကျပ်သန်း (၂၅၀၀) ထိ ပေါက်ဈေးရှိကာ ဝယ်ယူသူများ လျော့နည်းသွားခြင်း မရှိသော်လည်း ယခုအခါ မြေကွက် ဝယ်ယူသူများ သိသိသာသာ လျော့နည်းသွားကြောင်း နိုင်မြန်မာ အိမ် ခြံ မြေ အကျိုးဆောင်ထံမှ သိရသည်။
''လေဆိပ် ဖွင့်မယ့်ရက်ကို နောက်ဆုတ်လိုက်တာဟာ နိုင်ငံခြား အထောက်အပံ့တွေ မရတဲ့အတွက် ရွှေ့ဆိုင်းရတာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ ညွန်ကြားရေးမူး တစ်ဦးက ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခင်က ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လိုအပ်ချက်များ ရှိနေ၍ နောက်လေးနှစ် ဖြစ်သည့် ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ လေဆိပ်သည် ပဲခူးမြို့နှင့် မိုင် (၅၀) အကွာအဝေးတွင် တည်ရှိပြီး၊ လေဆိပ် ပြီးစီးပါက မြန်မာနိုင်ငံ၏ အကြီးမားဆုံး လေဆိပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ