By The Kumudra, Shweproperty.com
Updated at 9 March 2016
အငှါးဈေးကွက်အတွင်း မြို့စွန်က လုံးချင်ဈေးကွက်ထက် တိုက်ခန်းငှါးရမ်းမှု ပိုမိုများပြားလာတယ်လို့ အကျိုးဆောင်တစ်ခုဆီက သိရပါတယ်။
" လုံးချင်းဈေးကွက်က အခုနောက်ပိုင်း ပျဉ်ထောင်တွေကိုတောင် အနည်းဆုံးသိန်ချီပေးနေရတော့ အခုနောက်ပိုင်ဈေးနှုန်း သက်သာတ ဲ့ အရင်ကအစိုးရလုပ်ခဲ့တဲ့ ယုဇနလို၊ မဟာမြိုင်လို အိမ်ရာတွေမှာ ငှါးနေကြတယ်၊ အဲ့ဒီမှာက အထပ်အပေါ် မှုတည်ပြီး (ကျပ်) ၈၀,၀၀၀ လောက်ကနေ တစ်သိန်းခွဲလောက်ဆိုတော့ ဈေးနှုန်းတူရင်တောင် လမ်းပန်းဆက်သွယ်မှုအရ နေထိုင်သူများလာတယ်" လို့ယုဇနဥယျာဉ်မြို့တော်က အိမ်ခြံမြေအကျိုးဆောင် မနီလာမြင့်က ပြောပါတယ်။
ဥယျာဉ်မြို့တော်တွေရဲ့ တိုက်ခန်းဈေးနှန်းတွေကတော့ လူစိတ်ဝင်စာမှုအပေါ်မှုတည်ပြီး သောင်းဂဏန်းလောက်ထိ ဈေးနှုန်းသက်သာ တာကြောင့် လုံးချင်ဈေးကွက်ကနေ တိုက်ခန်းဈေးကွက်ကို ရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။
လတ်တလော လူကြိုက်များတဲ့ အိမ်ရာတွေက မြို့စွန်ဘက်မှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ယုဇနဥယျာဉ်မြို့တော်၊ မြောက်ဒဂုံမြို့နယ်မှာတော့ မဟာမြိုင်နဲ့ တော်ဝင်အိမ်ရာ၊ အင်းစိန်မှာတော့ မုဒိတာအိမ်ရာ တို့ပဲဖြစ်ပါတယ်။
သည်လိုတိုက်ခန်းတွေမှာ အရင်ကမိသာစုတစ်ဦးတည်း ငှါးရမ်းနေထိုင်တာမျိုးဖြစ်ပင်မဲ့ အခုနောက်ပိုင်းမှာတော့ အခန်းအကျယ်ဝန်းတွေက ပေ၂၀Xပေ ပေ ၃၀ ကျယ်ဖြစ်ပြီး အိပ်ခန်း နှစ်ခန်းပါဝင်တာကြောင့် စုပေါင်းငှါးရမ်းတာတွေရှိလာတယ်လို့ သိရပါတယ်။
မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ရာမှာနေထိုင်တဲ့ မဝတ်ရည်ကလည်း ' အရင်က ရပ်ကွက်ထဲမှာ ငှါးပြီနေတာ၊ သူငယ်ချင်းတွေ စုနေတာဆိုတော့ တစ်ခါစာချုပ်တိုင်းလခတိုးတိုးတောင်းလို့ အခုတိုက်ခန်းကို ငှါးနေတယ်၊ တိုက်ခန်းပိုင်ရှင်တွေကျတော့ အခန်းထပ်ဖွဲ့ရင်တောင် သူတို့ ကနားလည်ပြီးသာဆိုတော့ ဈေးအတက်မကြမ်းဘူး' လို့ သူ့အမြင် ပြောပါတယ်။
တိုက်ခန်းဈေးကွက်ကတော့ နောက်ပိုင်းမှာ စုပေါင်းနေထိုင်သူများလာတာကြောင့် ကိုယ်တိုင်အဆောင်ဖွင့် ငှါးလာတာရှိသလို အဆောင်ပုံစံ အခန်းတွေကိုအပြတ်ငှါးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ