By EMG, Shweproperty.com
Updated at 2 October 2013
ရန်ကုန်မြို့လယ်တွင် မြို့၏အထင်ကရ နေရာတစ်ခုဖြစ်လာမည့် Landmark Project တည်ဆောက်ရန်အတွက် Yoma Strategic Holdings နှင့် ဂျပန်နိုင်ငံမှမစ်ဆူဘီရှီ ကော်ပိုရေးရှင်း၏ အိမ်ရာစီမံကိန်းလုပ်ငန်းတို့ ပူးပေါင်းရင်းနှီးမြှုပ်နှံရန် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သတင်းရရှိသည်။
''ဒီ Landmark စီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းအများစု ဆုံစည်းရာနေရာတစ်ခုအဖြစ် ချီးမွမ်းခံရမယ့် အဆောက်အဦတစ်ခု ဖြစ်လာမှာပါ။ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနဲ့ မစ်ဆူဘီရှီ အိမ်ရာစီမံကိန်းရဲ့ နိုင်ငံတကာအတွေ့အကြုံနဲ့ လုပ်ဆောင်ချက်တွေက အကောင်းဆုံးဖြစ်အောင် ကူညီမယ်လို့ ယုံကြည်ပါတယ်'' ဟု Yoma Strategic မှ အမှုဆောင်အရာရှိချုပ် အန်ဒရူးရစ်ကတ် က ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်မြို့၏ Landmark စီမံကိန်းကို မြို့၏ အချက်အချာနေရာဖြစ်သည့် ကုန်သည်ကြီးများဟိုတယ်နှင့် မျက်နှာချင်းဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ကပ်လျက်နေရာတွင် တည်ဆောက်မည် ဖြစ်သည်။
အဆိုပါ Landmark စီမံကိန်းတွင် စတုရန်းပေ စုစုပေါင်း သန်း ၂၀ ကျယ်ဝန်းမည်ဖြစ်ပြီး လူနေအိမ်ခန်းများ၊ ရုံးခန်းများ၊ လက်လီအရောင်းဆိုင်များ၊ ဟိုတယ်လုပ်ငန်းနှင့် အခြားဧည့်ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်မည်ဟု ဆိုသည်။ နားလည်မှု သဘောတူ လက်မှတ်ရေးထိုးရာတွင် ပင်နီဆူလာ ရန်ကုန်အတွက် မပါဝင်ကြောင်း သိရသည်။
အဆိုပါစီမံကိန်း ဆောက်လုပ်ရန် လက်မှတ်ရေးထိုးသည့် Yoma Strategic Holdings ကုမ္ပဏီသည် စင်ကာပူနိုင်ငံတွင် စီးပွားရေးဈေးကွက်ဝင် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်းနှင့်အတူ Serge Pun& Associates (SPA) နှင့် First Myanmar Investment (FMI) တို့လည်း ပါဝင်မည်ဖြစ်သည်။
မစ်ဆူဘီရှီ အိမ်ခြံမြေ စီမံကိန်းလုပ်ငန်း Mitsubishi Estate သည် ဂျပန်နိုင်ငံတွင် အိမ်ခြံမြေစီမံကိန်းများကို ဦးဆောင်လျက်ရှိပြီး တိုကျိုမြို့လယ်တွင် တည်ဆောက်သည့် အဆောက်အဦကြီးများ အပါအဝင် လက်လီ အရောင်းလုပ်ငန်းများ၊ လူနေအိမ်ရာ စီမံကိန်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စသည့် အိမ်ခြံမြေလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ